ကမ်းသာယာက တပ်သိမ်းမြေတွေ ပြန်ပေးမယ်

  • 29 ဧပြီ 2014
ngapali ဓာတ်ပုံ မူပိုင် Getty
Image caption ကမ်းခြေမှာ တပ်မြေသိမ်းမှုတွေ ရှိနေ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ပေးမယ်လို့ ရခိုင် ပြည်နယ် တောင်ပိုင်း ဂွမြို့မှာ ပြောပါတယ်။

ဂွမြို့နယ် ကမ်းသာယာ ကို ရောက်လာစဉ် တပ်သိမ်း မြေတွေ ပြန်ပေးမယ်လို့ ဦးရွှေမန်း ပြောသွားပေမယ့် အရင်ကလည်း လယ်တွေ ပြန်ပေးမယ် လို့ အာဏာပိုင်တွေ အကြိမ်ကြိမ် ပြောပြီး တကယ် ရောက်မလာခဲ့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

ကမ်းသာယာနဲ့ ဆပ်သွားမှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေဧက တထောင်ကျော် ရှိပါတယ်။

သိမ်းထားတဲ့ မြေတွေပေါ်မှာ တပ်က ဘာအဆောက်အဦမှ မဆောက်တဲ့ အတွက် လယ်သမား တွေက သူတို့ကို ပြန်လုပ်ကိုင် စားသောက်ခွင့် ပေးဖို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ကမ်းသာယာ ကမ်းခြေ ခရီးသွား လုပ်ငန်း လုပ်ဆောင်ဖို့ ဦးရွှေမန်းနဲ့ အတူ ခမည်းခမက် ဦးခင်ရွှေ ဦးဆောင်တဲ့ စီးပွားရေး သမားတွေ လိုက်ပါ လာပါတယ်။

ဦးရွှေမန်းဟာ ကျောက်ဖြူက ရခိုင် အမျိုးသားညီလာခံ နောက်ဆုံးနေ့ မေလ ၁ ရက် နေ့မှာ မိန့်ခွန်း ပြောမှာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ