Mr Nambiaက ရိုဟင်ဂျာတွေကို စိစစ်ပြီး နိုင်ငံသား အခွင့်အရေး ပေးဖို့ပြော

ပြည်ပကို လှေစီးထွက်ပြေးတဲ့ ရိုဟင်ဂျာများ ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ပကို လှေစီးထွက်ပြေးတဲ့ ရိုဟင်ဂျာများ

ရခိုင်ပြည်နယ်မှာ ရှိတဲ့ရိုဟင်ဂျာ မွတ်ဆလင်တွေကို နိုင်ငံသား အဖြစ်စဉ်းစားဖို့ အဆင့်ဆင့် ဆောင်ရွက် သင့်ကြောင်း၊ သူတို့ဘဝ လုံခြုံစိတ်ချရမှု မရှိရင် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အမြင်ကောင်းမှာ မဟုတ်ဘူးလို့ Mr.Nambia ကနယူးယောက်မြို့မှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မြန်မာအစိုးရ ဘက်က ရိုဟင်ဂျာတွေအတွက် ယာယီကဒ်ပြား ထုတ်ပေးရေး၊ မွေးစာရင်း မှတ်ပုံတင်ခွင့် ပြုရေးနဲ့ လွတ်လာစွာ ခရီးသွားခွင့်စတဲ့ အခွင့်အရေးတွေ ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခုချိန်အထိ သူတို့ရဲ့ ရပ်တည်မှုအတွက် မဖြေရှင်း ပေးသေးဘူးလို့ သူက ဝေဖန်လိုက်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေရဲ့ အခြေအနေကို စိစစ်ပြီး မှတ်ပုံတင်ထုတ်ပေးရေး နိုင်ငံသားအဖြစ် အဆင့်ဆင့် ဆောင်ရွက်ရေး လုပ်ပေးဖို့ အရေးကြီးကြောင်း Mr Nambia ကထောက်ပြ သွားပါတယ်။

ရခိုင်ပြည်နယ် ဥပေဒချုပ်ဉီးလှသိန်းကတော့ ပြည်နယ်လူထုက ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ကိုက်ညီသူတွေကို နိုင်ငံသားပေးပြီး ခိုးဝင်လာသူတွေကို ဥပဒေအရ အရေးယူဖို့ ဆန္ဒရှိကြတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဌ ဉီးကျော်မင်းကတော့ တိုင်းရင်းသာ ၁၃၅ မျိုးသာအစိုးရက အသိအမှတ်ပြုလို့ ၁၉၈၂ ဥပဒေနဲ့ဆိုရင် ရိုဟင်ဂျာတွေ ဘယ်တော့မှ နိုင်ငံသား ဖြစ်ခွင့်ရှိမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအတွက် ပွင့်လင်းမြင်သာပြီး ဘက်အားလုံး ပါဝင်တဲ့ မျက်နှာချင်း ဆိုင်ဆွေးနွေးပွဲနဲ့ ဖြေရှင်းသင့်ကြောင်း Mr Vijay Nambia ကိုယ်တိုင် တက်ရောက်သင့်ကြောင်း ဉီးကျော်မင်းက ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ