ရှမ်းပါတီ ပေါင်းစည်းရေး မူအရ တူညီ

  • 3 မေ 2014
shan ဓာတ်ပုံ မူပိုင် shan state
Image caption ရှမ်းလူထု ကပါတီ နှစ်ခု ပေါင်းစည်းရေး ဆန္ဒရှိ

ရှမ်းအမျိုးသား များ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက် တစ် ပါတီ SNDP တို့ ပါတီချင်း ပူးပေါင်းဖို့ မူအရ သဘောတူ နိုင်ခဲ့ပါတယ်။

ပါတီနှစ်ခု က ကိုယ်စားလှယ် ငါးဦးစီ ပါတဲ့ ညှိနှိုင်းရေး ကော်မတီရဲ့ တောင်ကြီးမှာ လုပ်တဲ့ ပထမဆုံး အစည်းအဝေး မှာ ဒီလို သဘော တူညီ ခဲ့တာပါ။

ဒီကိစ္စ လက်တွေ့ အကောင်အထည် ပေါ်လာဖို့ စဉ်ဆက်မပြတ် ကြိုးပမ်း သွားမယ်လို့ နှစ်ဘက်စလုံး က ဆုံးဖြတ် ထားကြောင်း နှစ်ဘက် ခေါင်းဆောင် တွေက ဘီဘီစီကို ပြောပါတယ်။

လုပ်ထုံး လုပ်နည်းနဲ့ တခြား အသေးစိတ်တွေ ကို ညှိနှိုင်းရမယ်၊ ၂ လ တကြိမ် ဆွေးနွေး ကြမယ်လို့ ကျားဖြူပါတီ လို့ လူသိများတဲ့ SNDP ရဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းလှကျော် က ပြောပါတယ်။

ပါတီချင်း ပေါင်းစည်းရေး ကို မူအားဖြင့် သဘောတူ ပေမယ့် မူလ သီးခြား ရပ်တည်ခဲ့တဲ့ ပါတီ အဟောင်း ကို ဖျက်သိမ်း ရမှာကို SNDP ဘက်က မလိုလား ဘူး လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ SNDP ပါတီ နောက်ဆုံး အကြိမ် ညီလာခံမှာ ပါတီဝင် တွေက ဒီလို သဘောထား ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ရှမ်းလူထုက ပါတီ နှစ်ခု ပေါင်းစည်းရေး ဆန္ဒရှိ နေတယ် လို့ နှစ်ဘက် စလုံး က ပါတီ တာဝန်ရှိ သူတွေက ပြောကြပါတယ်။

ပါတီချင်း ပေါင်းဖို့ ဆွေးနွေးချက် အောင်မြင်ရင် ပါတီ နှစ်ခုလုံး က ကိုယ်စားလှယ် တွေ ရွေးချယ်ပြီး ပါတီသစ် မှတ်ပုံတင် ဖို့ ရွေးကောက်ပွဲ ကော်မရှင် မှာ ဆက်လက် လျှောက်ထား ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ