ပုဂံမှာ ဟိုတယ် ဆောက်ခွင့် ပြန်ချပေး

  • 4 မေ 2014
ဓာတ်ပုံ မူပိုင် ap
Image caption ပုဂံမှာ အဆောက်အဦး ဆောက်ရင်၊ စည်ပင် သာယာနဲ့ ရှေးဟောင်း သုတေသန ဌာန တို့ရဲ့ ခွင့်ပြုချက် ယူရ

မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် နေရာဖြစ်တဲ့ ပုဂံ ဒေသမှာ အရင် လပိုင်းတွေ တုန်းက စည်းကမ်းနဲ့ မညီ လို့ ဆိုင်းငံ့ ခဲ့တဲ့ ဟိုတယ် ၂၈ လုံး ဆောက်လုပ်ရေး လုပ်ငန်းတွေ ထဲက ဟိုတယ် ၇ လုံးကို လုပ်ပိုင်ခွင့် ပြန်ချ ပေးလိုက် ပါပြီ။

ပုဂံလို နေရာမှာ အဆောက် အဦးတွေ ဆောက်ရင် စည်ပင် သာယာ ဌာနနဲ့ ရှေးဟောင်း သုတေသန ဦးစီးဌာန တို့ရဲ့ ခွင့်ပြုချက် ကို ယူရတာ ဖြစ်ပါတယ်။

ပုဂံ ရှေးဟောင်း အမွေ အနှစ်တွေကို မထိခိုက်စေ ရအောင် ခွင့်ပြု ထားတဲ့ နယ်မြေ အတွင်းမှာသာ ဆောက်လုပ်ရမှာ ဖြစ်ကြောင်း ပုဂံ ရှေးဟောင်း သုတေသန ဦးစီးဌာန ညွန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။

ရှိပြီးသား တချို့ ဟိုတယ် ဝင်းတွေ ထဲမှာ ရှေးဟောင်း ဘုရား ပုထိုးတွေ ရှိနေတာနဲ့ ပတ်သက် လို့တော့ ဒါတွေက အရင် စစ် အစိုးရ လက်ထက်က ခွင့်ပြု ထားခဲ့တာ ဖြစ်တယ်လို့ သူကပြော ပါတယ်။ နောက်ပိုင်းမှာ တော့ ဒါမျိုးတွေကို ခွင့် မပြု တော့ဘူး လို့လည်း ဆိုပါတယ်။

ပုဂံကို ခဏ ခဏ ရောက်နေတဲ့ နိုင်ငံခြား ခရီးသည် လမ်းညွှန် တယောက် လည်း ဖြစ်တဲ့ ဒေါ်ချောချောကြေးမုံ ကတော့ စစ်အစိုးရ လက်ထက်က ခွင့်ပြုခဲ့တဲ့ ဟိုတယ် တွေကို ဖျက်ပစ်မှသာ ရှေးဟောင်း အမွေ အနှစ်တွေကို ထိန်းသိမ်းရာ ရောက်မယ် လို့ ပြောပါတယ်။

ပုဂံ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ဟိုတယ် တွေ က ပုဂံယဉ်ကျေးမှု ကို မထိပါး စေရေးတို့ အတွက် ပိုကောင်းမယ့် နည်းတွေ ကတော့ ရှာဖို့ လိုနေ သေးတယ် ဆိုတာကို လည်း သုံးသပ် ပြောဆိုမှုတွေ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ