ဘာသာရေး ဥပဒေတွေ ရေးဆွဲပြီးခါနီးပြီ

  • 4 မေ 2014
thein sein ဓာတ်ပုံ မူပိုင် AFP
Image caption ဘာသာရေး ဥပဒေတွေ ပြဋ္ဌာန်းရေး သမ္မတ တင်သွင်း

သမ္မတ ဦးသိန်းစိန် က ကိုးကွယ်ရာ ကူးပြောင်း ခြင်း ဆိုင်ရာ နှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေး ဆိုင်ရာ ဥပဒေကြမ်း တွေကို အဖွဲ့ ဝင် ၂ဝ ပါတဲ့ ကော်မ ရှင် ဖွဲ့ ပြီး ရေးဆွဲနေ ရာမှာ အခု အခါ ပြီးစီး လု ဖြစ်နေပါ ပြီ။

ဒီဥပဒေကြမ်း တွေ ကို ဒီလ လယ်လောက် မှာ ပြည် သူတွေကို တင်ပြ ဖို့လည်း ရှိနေပါတယ်။

ဒီဥပဒေ နှစ်ရပ် ရေးဆွဲရာ မှာ ဘယ်ဘာသာ ဝင်တွေကိုမှ ရည်စူး ရေးဆွဲတာ မဟုတ်ဘဲ ဘာသာကူးပြောင်းခြင်း ကိစ္စတွေ စနစ်တကျ ရှိဖို့ ရေးဆွဲ တာပါလို့ ကော်မရှင် အဖွဲ့ဝင် စာရေးဆရာ တက္တသိုလ် မြတ်သူ ပြောပါတယ် ။

ကိုးကွယ်ခြင်း ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ နဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရန် သံဃာတွေ အပါ လူ တသိန်း ၃ သောင်း ကျော် လက် မှတ်ထိုး ပြီး သမ္မတ ထံ တင်ပြ ခဲ့လို့ အဆိုပါ ဥပဒေတွေ ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးဖို့ သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက ထံ ၂၀၁၄ ဖေဖော်ဝါရီ လ က သဝဏ်လွှာ ပို့ ခဲ့ ပါတယ်။

လွှတ်တော် နာယက ဦးရွှေမန်း က ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ ကို သာသနာရေး ၀န်ကြီး ဌာန၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေကို လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တွေနဲ့ သက်ဆိုင် နေလို့ အစိုး ရက ဆွဲဖို့ မှတ်ချက် ပေးခဲလို့ အစိုး ရ ရေးဆွဲ နေသလို ကျန် ဥပဒေ နှစ် ခု ကိုတော့ တရားလွှတ်တော် ချုပ် ရုံး က ရေးဆွဲ ဖို့ ရှိနေပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ