မြန်မာမွတ်စလင်မ် ပြည်လုံးကျွတ် ညီလာခံ ကျင်းပမယ်

Image caption လာမယ့် စက်တင်ဘာလ နောက်ဆုံး ထားပြီး ညီလာခံ ကျင်းပ နိုင်ဖို့ ကော်မတီက ပြင်ဆင် နေ

မြန်မာနိုင်ငံ မှာ ၁၉၄၅ ခု နှစ်နောက်ပိုင်း နှစ်ပေါင်း ၆၀ ကျော် အတွင်း လူအများ ဆုံးတက်ရောက်ပြီး အကြီးဆုံးလို့ ပြောလို့ ရမယ့် မွတ်စလင်မ် များ ညီလာခံ တစ်ခုကို မကြာမီ လပိုင်း အတွင်း ကျင်းပဖို့ စီစဉ် နေပြီလို့ ပြည်ထောင်စုသား မွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး ကော်မတီ ကနေ ပြောကြားလိုက် ပါတယ်။

လာမယ့် စက်တင်ဘာလ နောက်ဆုံး ထားပြီး ဒီ ညီလာခံကို ကျင်းပ နိုင်ဖို့ ကော်မတီက ပြင်ဆင် နေပြီလို့၊ ရန်ကုန် မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်း လင်းပွဲမှာ ပြောကြားလိုက် တာ ဖြစ်ပါတယ်။

ညီလာခံမှာ မြန်မာ နိုင်ငံ အလွှာ အသီးသီး မွတ်စလင်မ်တွေ တက်ရောက် ကြဖို့ ရှိပြီး၊ တိုင်းပြည် တည်ထောင်ရေး အတွက် နိုင်ငံ ရေးစီးပွားရေး လူမှုရေး ဘက် ပေါင်းစုံ ကနေ ပြည်ထောင်စု သားတွေနဲ့ အတူ တည်ဆောက် ဖို့ အတွက် ဆွေးနွေး ကြဖို့ ရှိတယ်လို့ လည်း ကော်မတီက ပြောပါတယ်။

ကော်မတီက ထုတ်ပြန် လိုက်တဲ့ ညီလာ ခံ စာတမ်းမှာ ပြည်ထောင်စုသား မွတ်စလင်မ်များ ညီလာခံက ထွက်ပေါ် လာမယ့် ဆွေးနွေးချက် တွေကို အစိုးရ အပါ အဝင် လူထု လူတန်းစား အလွှာ အသီးသီးနဲ့ ဆွေးနွေး မှုတွေ လုပ်သွားမယ်လို့ ဖေါ်ပြထား ပါတယ်။

ဘာသာ ပေါင်းစုံကို ဆက်သွယ်ပြီး အစွန်းရောက် လှုံ့ဆော်မှုတွေ ချုပ်ငြိမ်းဖို့၊ ငြိမ်းချမ်းပြီး သဟဇာတ ဖြစ်စွာ နေထိုင်ဖို့ စတာ တွေကိုလည်း ဦးတည် ရှင်း လင်း သွားမယ်လို့ ဆိုပါတယ်။

ဒီညီလာခံဟာ တခြား ရည်ရွယ်ချက် ဘာမှ မရှိဘဲ၊ နိုင်ငံ တည်ဆောက်ရေး အတွက် ရိုးရိုး သားသား ပွင့်ပွင့် လင်းလင်း ချပြပြီး ကျင်းပ မှာ ဖြစ်တယ်၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့ အစည်းနဲ့မှ ဆက်သွယ်တာ မရှိဘူး လို့လည်း ကျင်းပရေး ကော်မတီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ