ထိုင်းနိုင်ငံ ချင်းရိုင်မှာ မြေငလျင်လှုပ်

  • 5 မေ 2014
Image copyright AP
Image caption ကားလမ်းတချို့ အဆောက်အဦး တချို့နဲ့ ဘုရား စေတီ ပုထိုး တချို့ ထိခိုက် ပျက်စီး မှုတွေ ဖြစ်သွား ခဲ့

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ဒေသကို ဗဟို ပြုပြီး အင်အား ရစ်ချ်တာ စကေး ၆ လောက် ရှိတဲ့ မြေငလျင် တခု တနင်္လာနေ့ ညနေပိုင်းက လှုပ်ခါ သွားပါတယ်။

မြေငလျင် ကြောင့် ချင်းရိုင်မြို့က ကားလမ်း တချို့ အဆောက် အဦး တချို့နဲ့ ဘုရား စေတီ ပုထိုး တချို့ ထိခိုက် ပျက်စီး မှုတွေ ဖြစ်သွား ခဲ့ပါတယ်။

မြန်မာ စံတော်ချိန် ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ လှုပ်ခါသွားတာ ဖြစ်ပြီး၊ ရန်ကုန်၊ ဘန်ကောက်နဲ့ ချင်းမိုင် မြို့တွေ ကပါ ငလျင် လှုပ်တာကို ခံစား သိခဲ့ရ ပါတယ်။

ရန်ကုန် မြို့လယ်က ဆာကူရာ တာဝါ အထပ် ၂၀ မှာ အလုပ်လုပ်နေတဲ့ NHK သတင်းထောက် ကိုသီဟသွယ် ကလည်း ငလျင်လှုပ်တဲ့ အတွက် ထိတ်လန့်ပြီး တိုက်အောက် ကို ပြေးဆင်း ခဲ့ရ တယ်လို့ ပြောပါတယ်။

အခု မြေငလျင်ဟာ ၂၀၁၁ က လှုပ်ခဲ့တဲ့ ငလျင်နဲ့ ဆင်တူတာမို့ ဒါဟာ ရှေ့ပြေး ငလျင် ဖြစ်လေ မလားဆိုပြီး သတိထား သင့်ကြောင်း မြန်မာ နိုင်ငံ ငလျင် ကော်မီတီ ဒုတိယ ဥက္ကဌ ဦးစိုးသူရထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ