KNU ဒုဥက္ကဌရဲ့ ငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲ

Image caption ဗုဒ္ဓဟူးနေ့မှာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့ ရှိ

ငြိမ်းချမ်းရေး ခရီးစဉ်တွေ သွားရောက် ခဲ့တဲ့ အမျိုးသား အစည်းအရုံး(KNU)ဒုတိယ ဥက္ကဌ နော်စီ ဖိုးရာစိန်နှင့် အဖွဲ့ဟာ ရန်ကုန်မြို့ ငြိမ်းချမ်း ရေး စင်တာမှာ အင်္ဂါနေ့ က သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ် ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်းနဲ့လည်း ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံခဲ့ရာ၊ ကချင်ပြည်နယ် ဘက်က တိုက်ပွဲတွေ ကြောင့် အများ ပြည်သူတွေ စိုးရိမ် နေရတဲ့ အခြေ အနေ တွေကို ဆွေးနွေး ခဲ့တယ်လို့ နော်စီဖိုးရာစိန်က ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်ပြီး တဆင့်ပြီး တဆင့် သွားမှာ သာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို ရမှာ ဖြစ်တယ်လို့ နော်စီ ဖိုးရာစိန်က ဘီဘီစီ ကို ပြောပါတယ်။

နော်စီ ဖိုးရာစိန်နှင့် အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင် လူမျိုးတွေ နေထိုင်ရာ မြစ်ဝ ကျွန်းပေါ် ဒေသ၊ ပန်းတနော်၊ မြောင်းမြ၊ ပုသိမ် တို့ဘက်ကို သွားရောက် ပြီး ဒေသခံ ပြည်သူ လူထု နဲ့ တွေ့ဆုံ တာတွေ ရှိခဲ့ သလို၊ အင်္ဂါနေ့ မနက်ပိုင်းမှာ ရှမ်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။

သူရဲ့ ခရီးစဉ်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တခုတည်း အတွက် မဟုတ်ဘဲ၊ တပြည်လုံး အပစ် အခတ် ရပ်စဲရေး နဲ့ ပတ်သက်လို့ ပြည်သူ တွေရဲ့ အမြင် ကို နားထောင် တာ မျိုးတွေလည်း ပါတယ် လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ကျရင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့ ရှိ သလို ရန်ကုန်မြို့ မြန်မာ ကွန်ဗန်းရှင်း စင်တာ MCC မှာ လူထု နဲ့ တွေ့ဖို့ ရှိပါတယ်။

ဒါ့ အပြင် ၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်း လို အရပ်ဖက် အဖွဲ အစည်း တွေနဲ့ တွေဖို့ ရှိကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ