လက်ရှိ တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော်လို့ ကာချုပ်ဆို

SNLD Leader U Khun Tun Oo ဓာတ်ပုံ မူပိုင် Reuters
Image caption ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ တပ်မတော်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော် ဖြစ်တယ်လို့ အတိအလင်း ထုတ်ဖော် ပြောလိုက်ပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ ဖွဲ့စည်းပုံကို မဟုတ်မမှန် စွပ်စွဲ ပြောဆို နေတာတွေ၊ မှေးမှိန်အောင် လုပ်နေတာတွေ၊ သွေးခွဲ နေတာတွေကို လက်မခံနိုင် ဘူးလို့လည်း သူက ပြတ်ပြတ် သားသား ပြောပါတယ်။

နယ်ခြားစောင့် တပ်တွေရဲ့ ပြန်တမ်းဝင် အရာရှိ ခန့်အပ်ပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ထုတ်ဖော် ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ လိုလားတဲ့ ဖက်ဒရယ် တပ်မတော်ဆိုတာကို လက်မခံဘူးလို့ ပြောလိုတာ ဖြစ်နိုင်ကြောင်း ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်သူ SNLD ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှု လက်အောက်မှာ ရှိရမယ်လို့ ထပ်လောင်း ပြောတဲ့ အတွက် SNLDက အစ KNU အဆုံး တိုင်းရင်းသား အဖွဲ့တွေက ဖွဲ့စည်းပုံကို လက်မခံနိုင်တဲ့ အတွက် ငြိမ်းချမ်းရေး သဘောတူညီချက် ရပြီးရင်တောင် ဒီအချက်ကို လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဒါကြောင့်အခုလို ကြိုတင်စည်းကမ်း သတ်မှတ်ချက် သဘောပြောဆိုတာတွေဟာ လက်ရှိ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ