မြန်မာ့စီးပွားရေး ခြစားမှု စိုးရိမ်ရ၊ ကုလ ထုတ်ပြန်

ဓာတ်ပုံ မူပိုင် Getty
Image caption ဒေါ်လာ တစ်သောင်းကျော် အပိုကြေး ပေးရတဲ့ လုပ်ငန်းတချို့လည်း ရှိနေ

မြန်မာ့ စီးပွားရေး လုပ်ငန်းတွေမှာ ခြစားမှု ပမာဏ စိုးရိမ်စရာ ကောင်းကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ စစ်တမ်း တစ်ခုမှာ ရေးသား ထားပါတယ်။

ကုလသမဂ္ဂ၊ OECD အဖွဲ့နဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးတွဲ လေ့လာခဲ့တဲ့ စစ်တမ်း အရ မြန်မာ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ၆ဝ ရာခိုင်နှုန်း အထိဟာ ပါမစ် လိုင်စင်တွေ ရဖို့ လာဘ်ထိုး ရကြောင်း ရေးသား ထားပါတယ်။

လုပ်ငန်း ထက်ဝက်လောက်က အမေရိကန် ဒေါ်လာ ငါးရာ လောက်ထိ အပို ပေးဆောင်ရတယ်လို့ သိရပြီး ဒေါ်လာ တစ်သောင်းကျော် အပိုကြေး ပေးရတဲ့ လုပ်ငန်း တချို့လည်း ရှိနေပါတယ်။

ကျွမ်းကျင် လုပ်သား ရှားပါးမှုနဲ့ နည်းပညာ အခက်အခဲ တွေကလည်း မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နောက်ထပ် စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ