KNU ဒုဥက္ကဌ နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

bbc_304x171_bbc_
Image caption KNU ဒုတိယ ဥက္ကဌ နော် စီဖိုးရာစိန်

ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဒုဥက္ကဌ နော်စီဖိုးရာစိန်ဟာ၊ ရန်ကုန်မြို့ ယုဒသန်ခန်းမမှာ ကရင်လူထုနဲ့ တွေ့ဆုံပွဲ လုပ်အပြီး၊ ဘီဘီစီကို သီးသန့်ပေးတဲ့ အင်တာဗျူး မှာ အခု ခရီးစဉ် အတွင်း၊ ပြည်တွင်း ကရင်လူထု လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အပေါ် သဘောထား ကို ပြောပြ ပါတယ်။

ကရင်လူထု ဘက် က စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားပေမဲ့၊ သူတို့ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေး မရမှာ ကို စိုးရိမ်ပူပန်ကြောင်း၊ KNU ကို ပေးတဲ့ အကြံဉာဏ် မှာလည်း တန်းတူ ရည်တူ ရှိတဲ့ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူ အခွင့်အရေး စတာတွေ ရရှိမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လို့ ဆိုနိုင်ပုံ ကို နော်စီဖိုးရာစိန် က ဘီဘီစီ ကို ပြောပါတယ်။

အပစ်အခတ် ရပ်ဆဲရေး လမ်းစဉ် သွားရာမှာလည်း၊ KNU အနေနဲ့ မြန်မာနိုင်ငံ ရဲ့ ပြဿနာ ဟာ၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး ကိစ္စ ဖြစ်လို့၊ ငြိမ်းချမ်းရေး သွားရာမှာ နိုင်ငံရေး နဲ့ ဖြေရှင်းဖို့ လိုကြောင်း၊ ဒါဟာ KNU ရဲ့ မူဝါဒ ဖြစ်တဲ့ အတွက်၊ သဘောထား ကွဲစရာ မရှိဘူး လို့ ဆိုပါတယ်။

ကာကွယ်ရေး ဉီးစီးချုပ် က ပြည်ထောင်စု တပ်မတော် အကြောင်း ပြောခဲ့တာ ရှိလို့၊ KNU ရဲ့ သဘောထား ကို မေးရာမှာတော့ စစ်တပ် ကိစ္စ၊ ကာကွယ်ရေး ကိစ္စ၊ လုံခြုံရေး ကိစ္စ စတာတွေ နဲ့ ပတ်သက်ရင်လည်း၊ နိုင်ငံတော် ကာကွယ်ရေး မှာ တိုင်းရင်းသားတွေ လည်း တာဝန်ရှိတဲ့ အတွက် တန်းတူရည်တူ ဖြစ်သင့်တဲ့ အကြောင်း၊ ဖယ်ဒရယ် ပြည်ထောင်စု စနစ် ကသာ စစ်မှန်တဲ့ အကြောင်း တွေ၊ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဒုဥက္ကဌ နော်စီဖိုးရာစိန် က ဘီဘီစီ ကို ရှင်းပြပါတယ်။