မြန်မာ ဖွဲ့စည်းပုံ ပြင်ရေး EU တောင်းဆို

  • 8 မေ 2014
eu_burma ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပ ကော်မရှင် ရောက် ဒေါ်အောင်ဆန်းစုကြည်

မေလ(၉)ရက်နေ့မှာ ကျရောက်မယ့် ဥရောပ သမဂ္ဂနေ့ အကြို အခမ်းအနားကို ရန်ကုန်မြို့မှာ ၈ ရက် နေ့က ကျင်းပပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ ဥရောပ သမဂ္ဂနေ့ အခမ်းအနား မှာ မြန်မာ အစိုးရနဲ့ လွှတ်တော် ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်သုံးသပ်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီး တွေက တောင်းဆို ထားတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia က ပြောဆို လိုက်ပါတယ်။

(၂ဝဝ၈) ဖွဲ့စည်းပုံ ဥပဒေဟာ လက်ရှိ မြန်မာနိုင်ငံ အခြေအနေ တွေကို မထင်ဟပ် စေနိုင်ဘဲ ခုချိန်မှာ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နေတဲ့ မြန်မာပြည်သူ တွေနဲ့ နိုင်ငံရေး လောက ဆန္ဒအတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းဖို့ လိုနေတယ်လို့ သူက ဆိုပါတယ်။

မြန်မာ နိုင်ငံ အသွင် ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ကူညီဖို့ ဥရောပ သမဂ္ဂ က အမေရိကန် ဒေါ်လာ (၁.၃၅) ဘီလျံ ကူညီ ပေးထား ပါတယ်။

ဆက်လက်ပြီး EU နဲ့ မြန်မာ အကြား ကုန်သွယ်ရေး တိုးမြှင့်ပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြုပ်နှံမှုတွေ ရှိဖို့၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ဖန်တီးဖို့ EU က မျှော်လင့် သလို နိုင်ငံတွင်း လုံခြုံ စိတ်ချ ရမှု ရှိဖို့နဲ့ ရခိုင် ပဋိပက္ခ မှာ ငြိမ်းချမ်းမှု ရဖို့ ကူညီ ချင်ကြောင်းလည်း Roland Kobia က ပြောဆို လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ