ကေအိုင်အေ ဖမ်းထား သူတွေ ပြန်လွှတ်ရေး PCG ကြားဝင်

  • 9 မေ 2014
KIA Peace Talks ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့နှစ်က ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲ

ကေအိုင်အေ တပ်ရင်း ၄ ဘက်က ဖမ်းဆီးထားတဲ့ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းနှစ်ယောက် ပြန်လည် လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ PCG ကချင် ဘက်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးနေတယ်လို့ ကေအိုင်အေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်တို့အကြား လူတွေ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့ရာမှာ အစိုးရ စစ်တပ် ဘက်က ဖမ်းဆီးခဲ့တဲ့ ဒုက္ခသည် ၁၄ ယောက်က ပြန်လွတ် လာခဲ့ပါပြီ။

ကေအိုင်အေ ဘက်က မေလ ၃ ရက်နေ့က စတင် ဖမ်းထားတဲ့ အုပ်ချုပ်ရေး ဝန်ထမ်း နှစ်ယောက်ကို မေလ ၆ ရက် ညနေ ၆နာရီ အထိပြန်လွှတ် မပေးရင် အင်အားသုံးဖြေရှင်းမယ်လို့ မြောက်ပိုင်းတိုင်း တိုင်းမှူးက ပြောခဲ့ ရာမှာ အခု သူပြောတဲ့ ရက် ကျော်လာ ခဲ့ပေမဲ့ အဖမ်း ခံရသူတွေ ပြန်လွတ် မလာကြသေးပါဘူး။

စစ်တပ် ဘက်ကလည်း အင်အားသုံး လုပ်ဆောင်မှု တစုံတရာ မရှိသေးတာ တွေ့ရ ပါတယ်။

ကေအိုင်အို Technical Team ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ တာဝန်ခံ ဦးဒေါင်းခါးက သူအပါအဝင် လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ တာဝန်ခံ တွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကလူတွေက မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ မေလ ၆ ရက် ညနေက တွေ့ခဲ့ရာမှာ အခြေ အနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ကေအိုင်အေ ဘက်က တပ်သား စုဆောင်းမှု၊ တပ်သားဟောင်း တွေကို ပြန်စုစည်းမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာ တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်စဉ် အဲဒီ ဝန်ထမ်းတွေ ပါသွားတာ ဖြစ်တယ်လို့ ကေအိုင်အို Technical Team တာဝန်ခံ ဦးဒေါင်းခါးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ