ရွေးကောက်ပွဲ နည်းဥပဒေ မူကြမ်း ကန့်ကွက်

  • 10 မေ 2014
election myanmar ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပါတီ ခေါင်းဆောင်တွေ မဲဆွယ်တာကို ကန့်သတ်

ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေ မူကြမ်း တချို့ အချက် တွေဟာ ရွေးကောက်ပွဲ ယှဉ်ပြိုင် ကြမယ့် ပါတီတွေကို ချုပ်ချယ် ကန့်သတ် တဲ့ သဘော ဖြစ်နေတယ်လို့ နိုင်ငံရေး ပါတီ တချို့က ဝေဖန် နေကြ ပါတယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ် လောင်း တွေအတွက် မဲဆွယ် စည်းရုံး ဟောပြော ပေးမယ့် လူပုဂ္ဂိုလ် တဦးချင်း ရွေးကောက်ပွဲ ကော်မရှင် မှာ စာတင်ပြီး ကြိုတင် ခွင့်ပြုချက် တောင်းရမယ် ဆိုတဲ့ အချက်ကို အဓိက ဝေဖန် နေကြတာ ဖြစ်ပါတယ်။

မေလ ၁၅ ရက် ရန်ကုန်မြို့မှာ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ ဒီကိစ္စ အမြင်ချင်း ဖလှယ်ဖို့ တွေ့ဖို့ရှိပါတယ်။

ကိုယ်စားလှယ် လောင်း တွေကို ပါတီ ခေါင်းဆောင်တွေက မဲဆွယ် စည်းရုံးပေးတာကို ကန့်သတ်တဲ့ အပေါ် အကျေအလည် ဆွေးနွေး ကန့်ကွက် သွားမယ်လို့ နိုင်ငံရေး ပါတီတွေက ပြောပါတယ်။

ဒီနည်းဥပဒေ မူကြမ်း မကြာခင်မှာ အသက်ဝင် လာမယ်ဆိုရင် အခု နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲက စပြီး အကျုံးဝင် မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေ၊ ပါတီတွေ ပြီးခဲ့တဲ့ လက ပုသိမ်မှာ တွေ့ကြ တုန်းက ဦးတင်အေးက ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းကိုသာ ဟောပြော စည်းရုံးခွင့် ပေးမှာဖြစ်ပြီး တခြား ဘယ်သူ့ကိုမှ ကိုယ်စား ဟောပြောခွင့် မပေးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ