OIC မြန်မာပြည် အထူး ကိုယ်စားလှယ်ခန့်

  • 10 မေ 2014
oic ဓာတ်ပုံ မူပိုင် Reuters
Image caption OIC ကိုယ်စားလှယ် စေလွှတ်မှု ကန့်ကွက်ခံခဲ့ရ

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Dato Seri Syed Hamid Albar ကို OIC အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာပြည် အထူး ကိုယ်စားလှယ် ခန့်အပ် လိုက်ပါတယ်။

ဒီခန့်အပ်မှုဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေးနဲ့ မြန်မာ လူမှု အဆောက်အအုံမှာ သဟဇာတဖြစ်ရေး ဆွေးနွေး ပြောဆို သွားကြဖို့ ရည်ရွယ် ခန့်အပ်တာလို့ OIC က စနေနေ့က ထုတ်ပြန် ခဲ့ပါတယ်။

ဝါရင့် ဥပဒေ ပညာရှင်လည်း ဖြစ်တဲ့ မစ္စတာ Albar ဟာ မလေးရှား အစိုးရရဲ့ တရားရေး ဝန်ကြီး၊ ပြည်ထဲရေး နဲ့ ကာကွယ်ရေး ဝန်ကြီး တာဝန်တွေ ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ