မတ္တရာ တပ်သိမ်းမြေ ကိစ္စ ညှိနှိုင်းမယ်

farmer ဓာတ်ပုံ မူပိုင် bbc burmese
Image caption လယ်သမား တွေက ငါးကန်တွေ ဖောက်ချ

မန္တလေးအနီး မတ္တရာ မြို့နယ်က တပ်သိမ်းမြေ ဧက ၄ဝဝ ပြန်ရရှိရေး ညှိနှိုင်းဖို့ လယ်သမား တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ မေလ ၁၅ ရက်နေ့ တွေ့ဖို့ ချိန်းဆို ထားပါတယ်။

မန္တလေးနဲ့ ၂၇ မိုင်အကွာ သပြေသာ ရွာသား ၇၈ ယောက်ပိုင် လယ်တွေကို တပ်က သိမ်းပြီး စီးပွားရေး သမားတွေ လက်ကို ပြန်ရောင်းစား ခဲ့လို့ ဒီလယ်တွေ ငါးကန်တွေ ဖြစ်ကုန်ပါတယ်။

ဒီငါးကန် တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လယ်သမား တွေက ဖောက်ချပြီး လယ်ပြန်စိုက် ကြပါတယ်။

ဒီမနက် ကလည်း ကျန်တဲ့ ငါးကန်တွေ ဖောက်ချလို့ လုပ်ငန်းရှင် တွေ ဘက်က ဆွေးနွေးဖို့ ညှိနှိုင်း ခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေး လည်း ပါဝင် ညှိနှိုင်း ပေးမှာပါ။

ညှိနှိုင်း ရာမှာ အင်အား မသုံးဖို့ ၊ ပွင့်လင်းမှု ရှိဖို့ လယ်သမား တွေဘက်က တောင်းဆိုတယ် လို့လည်း သိရပါတယ်။

လုံခြုံရေး တွေက တားဆီးပြီး ပစ်ခတ် အရေးယူမယ် လို့ ပြောတဲ့ကြားက စစ်တပ်က သိမ်းထားတဲ့ မြေတွေပေါ်မှာ မူလ မြေပိုင်ရှင် တွေက ငါးကန်ရေ ဖောက်ထုတ် ပြီး ပျိုးကြဲ ခဲ့ကြတာ ဖြစ်ပါတယ်။

အခု အသိမ်းခံ ထားရတဲ့ လယ်မြေတွေဟာ ၁၉၉၁ ခုနှစ် ကတည်းက လျော်ကြေး မရဘဲ သိမ်းဆည်းခံ ထားရတာ လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ