နေပြည်တော် အာဆီယံ အစည်းအဝေး ပြီးဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆီယံ အသိုက် အဝန်း ပေါ်ပေါက်ဖို့ အခု အချိန်ဟာ အရေးကြီး ကြောင်း သမ္မတပြော

မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ အရှေတောင် အာရှ အဖွဲ့ဝင် နိုင်ငံများရဲ့ ထိပ်သီး အစည်းဝေး နေပြည်တော်မှာ အောင်မြင်စွာ ပြီးဆုံး သွားပြီ ဖြစ်ပါတယ်။

ဒီ အစည်း အဝေး ကနေ ကြေညာချက် ထုတ်ပြန် ရာမှာ၊ အဓိက အားဖြင့် အာဆီယံ အဖွဲဝင် နိုင်ငံတွေ နဲ့ တရုတ် နိုင်ငံ အကြား ဖြစ်ပွား နေတဲ့ ရေပိုင်နက် အငြင်းပွား မှုကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်း ထား ပါတယ်။

အာဆီယံ ခေါင်းဆောင် များရဲ့ သီးသန့် ဆွေးနွေး ပွဲမှာ ဒေသ ဆိုင်ရာနဲ့ နိုင်ငံ တကာ ရေးရာတွေ အပေါ် အမြင်ချင်း ဖလှယ်နိုင် ခဲ့ကြောင်းနဲ့ အာဆီယံ နိုင်ငံ များ အကြား အချင်းချင်း အကူ အညီပေး ပူးပေါင်း ဆောင်ရေး တို့ကို ဆွေးနွေး ခဲ့ကြကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

၂၀၁၅ ခုနှစ် ကျရင် အာဆီယံ အသိုက် အဝန်း ပေါ်ပေါက် ရေးဟာ အခု အချိန်မှာ အရေးကြီး ကြောင်းကိုလည်း သမ္မတ က ပြောကြား သွားခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ဆန်တဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက် လို့တော့ ဒီအစည်း အဝေးမှာ ဆွေးနွေး ခဲ့ခြင်းတော့ မရှိပါ။

နေလယ်ပိုင်း အစည်း အဝေးတွေ မှာ အာဆီယံ လူထု ကိုယ်စားလှယ် တွေနဲ ခေါင်းဆောင်တွေ တွေ့မယ့် အစီ အစဉ် ပျက်သွား ခဲ့ပေမယ့်၊ အာဆီယံ လူငယ် တွေ နဲ့ ခေါင်း ဆောင်တွေ တွေ့ ကတော့ ညနေ ၅ နာရီ ခန့် မှာ တွေ့ဆုံခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ