ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီး ပြီးဆုံး

Image caption အချိန်အခါ အရ ပေါ်လာတဲ့ သာသနာရေး ဆိုင်ရာ အဖွဲ့တွေ အကြောင်းလည်း ဆွေးနွေး

ဘာသာရေးနဲ့ ပတ်သက်တဲ့ စာပေတွေ ထုတ်ဝေတဲ့ အခါ နိုင်ငံတော် သံဃာ့ မဟာ နယက အဖွဲ့ (မဟန)က စိစစ်ပြီး ထုတ်နိုင်ရေး လွှတ်တော်ကို တင်ဖို့ အတွက် သာသနာရေး ဝန်ကြီးကို တင်ပြ ထားကြောင်း မဟန ဆရာတော် တပါး ဖြစ်တဲ့ ဆရာတော် ဦးနန္ဒသာရက မိန့်ပါတယ်။

ရန်ကုန် ကမ္ဘာအေး မဟာ ပါသာဏ လိုဏ်ဂူမှာ ကျင်းပ ပြီးစီး သွားတဲ့ ပဉ္စမ အကြိမ် ဒီသံဃာ့ အစည်း အဝေးကြီးမှာ အခုလို ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ အစည်း အဝေးမှာ နောက်ထပ် အဓိက ဆွေးနွေးတဲ့ အကြောင်းအရာ တခု ကတော့ မြန်မာ နိုင်ငံမှာ အချိန် အခါ အရ ပေါ်ပေါက် လာတဲ့ သာသန ဆိုင်ရာ အဖွဲ့ အစည်း တွေ အကြောင်း ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

အမျိုး ဘာသာ သာသန စောင့်ရှောင့်ရေး အဖွဲ့မျိုးလို ကိစ္စတွေ ကိုတော့ သတ်မှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်း တွေနဲ့ ညီမယ်ဆိုရင် ဆရာတော်ကြီး တွေရဲ့ သြဝါဒကို ခံယူပြီးတဲ့ အခါ လုပ်ပိုင်ခွင့် ရမယ်လို့ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးက ဆုံးဖြတ်ကြောင်း ကိုလည်း မိန့်ပါတယ်။

မျိုးစောင့် ဥပဒေ ပြဌာန်းရေး ကိစ္စ ကတော့ သံဃာ့ အဖွဲ့ အစည်း တွေနဲ့ မဆိုင်ဘူးလို့ ဆရာတော်က မိန့်ကြား သွားပါတယ်။

နောက်ပြီး နိုင်ငံ တဝန်း သံဃာတော်တွေ အတွက် စာသင် စာချ ကိစ္စရပ် တွေကိုလည်း အကျယ် တဝင့် ဆွေးနွေး ခဲ့ကြ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ