နေပြည်တော် ကားမှောက်မှု လျော်ကြေးပေးမယ်

naypyitaw_highway_ ဓာတ်ပုံ မူပိုင် U Ye Htut s FB
Image caption လူအသေအပျောက် များတဲ့ အဝေးပြေးလမ်း

လူ(၁၄)ဦး သေဆုံးပြီး (၃ဝ)နီးပါး ထိခိုက် ဒဏ်ရာရခဲ့တဲ့ ရာဇာမင်း ခရီးသည် တင်ယာဉ် မတော်တဆမှုမှာ သေဆုံးခဲ့သူ တွေ အတွက် တဦးကို လျော်ကြေးငွေ သိန်း(၆ဝ)စီ ပေးဖို့ အစိုးရနဲ့ ယာဉ်လိုင်း ဘက်က သဘောတူ လိုက်ပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ တွေအတွက် ဒဏ်ရာ အခြေအနေ ပေါ် မူတည်ပြီး လျော်ကြေး ပေးဖို့ ရှိပါတယ်။

ယာဉ်မတော်တဆမှု တွေ နောက်ထပ် မဖြစ်ဖို့ အစိုးရ ခေါင်းဆောင်တွေ ပါတဲ့ စုံစမ်းရေး အဖွဲ့တွေ ဖွဲ့ပြီး စစ်မယ်လို့ နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့က ရဲမှူးကြီး နေဝင်းက ပြောပါတယ်။

ဒီလမ်းကြီး စဖွင့်တုန်းက မြန်ဆန်တဲ့အတွက် ခရီးသွားတွေ နှစ်ခြိုက် ကြပေမယ့် ယာဉ် မတော်တဆမှုတွေ ခပ်စိတ်စိတ် ဖြစ်လာတော့ ဒီလမ်းကို အသုံးပြုပြီး ခရီးသွားဖို့ စိုးရိမ် လာကြပါတယ်။

အစိုးရ ကတော့ ဒီအမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ လျှော့ချနိုင်ဖို့ ကော်မတီတွေဖွဲ့ အများပြည်သူ တွေဆီက အကြံပြု တောင်းခံ တာတွေ ပြုလုပ်မယ်၊ ဒီအမြန်လမ်း ကို အဆင့်မြှင့် တိုးချဲ့မယ် လို့ ဆိုပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၉၇)မှာ မေလ ၁၂ ရက်နေ့ ညနေက နေပြည်တော်ကနေ ရန်ကုန်ကို မောင်းလာတဲ့ ရာဇာမင်း ခရီးသည်တင်ယာဉ် ဟာ မီးရထားလမ်း ကုန်းကျော် တံတား အောက်ကို အရှိန်လွန် ထိုးကျ ခဲ့ပါတယ်။

ဒီလမ်းမပေါ်မှာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှု တွေအတွင်း လူ (၆၂)ဦး သေဆုံး ခဲ့ပါတယ်။ တရက်ကို ကားအစင်းရေ သောင်းနဲ့ချီပြီး သွားလာနေတဲ့ ဒီရန်ကုန်-နေပြည်တော် အမြန်လမ်းမ ပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှု တွေမှာ လမ်း လိုအပ်ချက်က ၁ဝ% ရှိပြီး အရှိန်လွန် မောင်းတာ က ၆၈% နဲ့ ကျန်တာ က သတိမမူဘဲ မောင်းနှင် တာကြောင့် ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု တွေ ဖြစ်ရတာ လို့ ရန်ကုန်-မန္တလေး အမြန်လမ်း ပြင်ဆင် ထိန်းသိမ်းရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ