တရုတ် ရေတပ်သင်္ဘော ၂စီး မြန်မာပြည် လာမယ်

chinese ship ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ကမ္ဘာလှည့် တရုတ် ရေတပ် သင်္ဘော တစီး

တရုတ် ရေတပ် သင်္ဘော နှစ်စီးပါတဲ့ အဖွဲ့ဟာ မြန်မာ နိုင်ငံကို မေလ ၂၃ ရက်နေ့ ကနေ ၂၇ ရက်နေ့ အထိ လာရောက်မှာ ဖြစ်ပါတယ်။

တရုတ် ရေတပ်က လေ့ကျင့်ရေး သင်္ဘော တစ်စီးနဲ့ ကာကွယ်ရေး သင်္ဘော တစ်စီး ပါတဲ့ ရေတပ် အဖွဲ့ မြန်မာ နိုင်ငံကို လာရတဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံ ရေတပ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု တိုးတက်စေရေး၊ အပြန်အလှန် နားလည်မှု ရှိရေး၊ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ချစ်ကြည် ရင်းနှီး စေရေး တို့အတွက် ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးရဲ့ Facebook စာမျက်မှာ ဖော်ပြထား ပါတယ်။

မြန်မာ ရေတပ်နဲ့ စစ်ရေး ပူးပေါင်း လေ့ကျင့်မှုတွေ လုပ်ဆောင်ပြီးရင် အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံတို့ဆီ ဆက်လက် ထွက်ခွာ သွားမယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ