နှစ်မကုန်ခင် အခြေခံဥပဒေပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်

  • 18 မေ 2014
dassk_mandalay ဓာတ်ပုံ မူပိုင် burmese
Image caption မန္တလေးက အောင်ပင်လယ်ကွင်းမှာ လူထု သုံးသောင်း ကျော်တက်ရောက်လာခဲ့

ဒီနှစ်အတွင်း လွှတ်တော်တွင်းမှာ ဥပဒေဘောင်တွင်းကနေ တပ်မတော်သားများ အနေနဲ့ အခြေခံဥပဒေကို ပြင်နိုင်အောင် လုပ်ပြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

လူ သုံးသောင်း ကျော် စုဝေးရောက်ရှိလာကြတဲ့ မန္တလေး အောင်ပင်လယ် က နိုင်ငံရေး ဟောပြောပွဲမှာ တပ်မတော်ဟာ တကယ်တိုင်းပြည်ချစ်ပြီး ၊ ပြည်သူကိုတကယ်လေးစားတယ်၊ တကယ်သတ္တိရှိပြီး အမျှော်အမြင်ရှိရင်၊ အာဏာမမက်ဘူး၊ အခွင့်ထူးခံမဟုတ်ဘူးဆိုတာ သက်သေပြချင်ရင် ဒီနှစ်အတွင်း လွှတ်တော်တွင်းမှာ ဥပဒေဘောင်တွင်းကနေ တပ်မတော်သားများ အခြေခံဥပဒေကို ပြင်နိုင်အောင်လုပ်ပြပါလို့ ပြောရင်း ဒါဟာ စိန်ခေါ်လိုက်တာ လည်း ဖြစ်တယ် လို့ ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့ အဖွဲ့အစည်း တို့ ပူးပေါင်း စည်းရုံးကျင်းပတဲ့ မန္တလေး က လူထုဟောပြောပွဲမှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း မြန်မာပြည်သူလူထု ဟာ ညီညွတ်စွာနဲ့ သမ္မတ ၃ ယောက် ကို ဖြုတ်ချ နိုင်ခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို ပြင်းထန် တဲ့ စကားလုံးတွေ နဲ့ စစ်တပ်က နိုင်ငံရေး ကိုလွှမ်းမိုးချုပ်ကိုင်မှုတွေ ကို ဝေဘန် ခဲ့တာနဲ့ပတ်သက်လို့ ဧရာဝတီ သတင်းစာတိုက် က အယ်ဒီတာချုပ် ဦးအောင်ဇော် က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံပြင်တာ မဖြစ်နိုင်မှန်း သိလာတဲ့အတွက်အခုလို လွှတ်တော်ပြင်ပ နိုင်ငံရေး က သာ တွန်းအားပေးနိုင်မှာ လို့ တွက်ဆပုံရကြောင်း သုံးသပ်ပါတယ်။