မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ ရဲတပ်ဖွဲ့ ဘက်က သေနတ် တလက် ပါသွား တယ်လို့ ပြောပါတယ်

မေလ ၁၇ ရက် နေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်မှာ ကင်းလှည့် နေစဉ်၊ ခြုံခို တိုက်ခိုက် ခံခဲ့ရတဲ့ ကင်းလှည့် ရဲ တပ်ဖွဲ့ဝင် တွေထဲ က ၄ ယောက် သေဆုံး ခဲ့ပါတယ်။

နယ်ခြား မှတ်တိုင် ၅၁ နားမှာ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ လူ ၃၀ လောက်က လှမ်း ပစ်ခတ် ခဲ့တာ ဖြစ်ပြီး၊ ချုံခို တိုက်တဲ့ ခံရတဲ့ ပုံမျိုး ဖြစ်တယ် လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

စုံစမ်း သိရှိရ သမျှ ဒီလူတွေဟာ RSO အဖွဲ့က ဖြစ်ကြောင်း ရဲမှူးကြီးက ပြောပါတယ်။ ဒီအဖွဲ့ဟာ Rohingya Solidarity Organization ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထဲမှာ အခြေချတဲ့ အဖွဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို ဖြစ်နေတဲ့ အချိန်မျိုးမှာ ခမရ ၅၃၂ က လာပြီး ဝိုင်းတိုက် ပေးခဲ့တယ် လို့လည်း သူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ RSO အဖွဲ့က ၂ ယောက်ကျပြီး၊ မြန်မာဘက်က သေနတ် တလက် ပါသွားတယ်လို့ ပြောပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချင်းချင်း တလ တကြိမ် ဒါမှမဟုတ် အရေးကြီးရင် ကြီးသလို ဆွေးနွေး မှုတွေ ရှိကြောင်း၊ အခု ကိစ္စနဲ့ ပတ်သက်ပြီး လည်း ဟိုဘက်က နယ်ခြားစောင့်တပ်ကို ကန့်ကွက်စာ ပို့ထား တယ်လို့ ပြောပါတယ်။

အစိုးရချင်းလည်း ဒီရက်ပိုင်း အတွင်း သွားရောက် ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ