ဖွဲ့စည်းပုံ ပြင်နိုင်ရေး အလားအလာ

_aung_san_suu_kyi_sworn_ ဓာတ်ပုံ မူပိုင် AFP
Image caption NLD လွှတ်တော်အတွင်း ဝင်ရောက်ခဲ့စဉ်

လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ ကို၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၆ လ အလို နောက်ဆုံးထားပြီး လုပ်ဆောင်သွား ဖို့၊ သတ်မှတ် ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ရဲ့ ဒုတိယ ဥက္ကဌ ဦးစိုးဝင်း က ဘီဘီစီ ကို ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး အပေါ်၊ လွှတ်တော်ကော်မတီဝင် စစ်တပ် ကိုယ်စားလှယ်တွေ အနေနဲ့၊ လုံးဝ အပြင် မခံနိုင်ဘူး ဆိုတဲ့ သဘောထား တင်းမာမှုမျိုး ကို မတွေ့ရပဲ၊ ဉပဒေနဲ့ အညီ၊ အားလုံး ညှိညှိ နှိုင်းနှိုင်း ဆောင်ရွက် သွားရမယ့် သဘော ဖြစ်ပါတယ် ဆိုပြီး၊ ဦးစိုးဝင်းက သုံးသပ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ ကို ဆောင်ရွက်ကြတဲ့ အခါမှာ၊ ကော်မတီရဲ့ သဘောထား တစ်ခုတည်းနဲ့ မဟုတ်ပဲ၊ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီး၊ အများ သဘောနဲ့ ဆုံးဖြတ် သွားကြရမယ့် ကိစ္စမျိုးတွေလည်း ရှိကြောင်း ဦးစိုးဝင်းက ဆိုပါတယ်။

ဒါ့ကြောင့်၊ အခုရက်ပိုင်း အတွင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို တောင်းဆို လိုက်တဲ့၊ ဒီနှစ်မကုန်ခင် အခြေခံဥပဒေ ပြင်ဆင်နိုင်အောင် လုပ်ပြပါဆိုတာနဲ့ ပတ်သက်ပြီး၊ တကယ် ဒီနှစ်ကုန် အမီ လွှတ်တော်တွင်း ဆောင်ရွက်သွားနိုင်မှု ရှိမရှိ အပေါ်၊ ယတိပြတ် ပြောလို့ မရနိုင်ဘူး လို့ ဦးစိုးဝင်းက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး၊ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးမှာ အခရာကျနေတဲ့ ပုဒ်မ ၄၃၆ကို စတင် ပြောင်းလဲဖို့၊ လူထုလှုပ်ရှားမှုတွေ ပြုလုပ်လာနေပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု လွှတ်တော် ကော်မတီကလည်း၊ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့က စလို့ လွှတ်တော်တွင်းမှာ အစည်းအဝေး ခေါ်ယူ ဆွေးနွေးနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ