ကမ္ဘာ့ဘဏ်မှ မြန်မာကျောင်းသားတွေ ထောက်ပံ့ရေး

_bbc_304x171_bbc
Image caption ကျောင်းသူ ကျောင်းသားတွေ ကို ကူညီ ဖို့ရှိ

မြန်မာ ကျောင်းသူ ကျောင်းသားတွေ ပညာ သင်ကြား နေတဲ့ စာသင် ကျောင်း တွေ ကို ကျောင်းရန်ပုံငွေ ထောက်ပံ့ခြင်း အစီအစဉ် နဲ့ ဆင်းရဲ နွမ်းပါး တဲ့ ကျောင်းသူ ကျောင်းသား တသိန်းခန့် ကို ကမ္ဘာ့ဘဏ် က ကူညီမဲ့ စီမံကိန်း ကို အမှုဆောင် ဒါရိုက်တာ အဖွဲ့ က အတည် ပြုလိုက်ပါပြီ။

အခုလို ကူညီတဲ့ အခါမှာ၊ အဓိက အားဖြင့် ကျောင်းတွေ မှာ လိုအပ်နေတဲ့ ကျောင်းသုံးပစ္စည်း ကိရိယာ၊ ကျောင်းသင် အထောက်အကူ ပစ္စည်း စတာတွေ ဖြည့်စည်း ပေးနိုင်ဖို့ ရည်ရွယ်ကြောင်း၊ ကမ္ဘာ့ဘဏ် ( မြန်မာ)ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုကျော်စိုးလင်း က ဘီဘီစီ ကို ပြောပါတယ်။

ကျောင်းသားတွေ ထောက်ပံ့မဲ့ အစီအစဉ် ထဲမှာ ၄ နှစ်တာ ကာလ အတွင်း၊ မြို့နယ်ပေါင်း ၄၀ မှာ ဆောင်ရွက်သွားမဲ့ အကြောင်း၊ ဆင်းရဲနွမ်းပါးမှု ကို အခြေခံရာ ကနေ ကျောင်းသူ ကျောင်းသားတွေ ကျောင်းထွက်နှုန်း များ လာတာကို ကြည့်ယင်း၊ ဆောင်ရွက်ပေး မှာ ဖြစ်ကြောင်း လည်း ရှင်းပြပါတယ်။

ကမ္ဘာ့ဘဏ် နဲ့ ပညာရေး ဝန်ကြီးဌာန တို့ အကြိမ်ကြိမ် ဆွေးနွေးပြီး၊ ရေးဆွဲ ကြတဲ့ လမ်းညွှန်ချက် တွေ အရ၊ မိဘမဲ့ ကလေး၊ မိခင် တယောက် ထဲ က ပြုစုပျိုးထောင် နေတဲ့ အိမ်ထောင်စု၊ မောင်နှမ များပြားတဲ့ မိသားစု ထဲ က ကျောင်းသား စတဲ့ အချက်အလက် တွေ ပေါ်မူတည်ပြီး၊ ပညာရေး ဆိုင်ရာ ကူညီမှု ပြုရေး ကိုပြောပြပါတယ်။

ကျောင်းသူ ကျောင်းသား ထောက်ပံ့ကြေး အနေနဲ့လည်း၊ မြို့နယ် ၄ဝ မှ ကျောင်းသား တသိန်းကျော် အကျိုး ခံစားခွင့် ပြုဖို့ တွက်ချက် ထားသလို၊ နောက်ပိုင်းမှာ လည်း၊ နှစ် အလိုက် တိုးမြင့် ဆောင်ရွက် ဖို့ ရှိပုံ ကို၊ ကမ္ဘာ့ဘဏ်၊ မြန်မာရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုကျော်စိုးလင်း က ဘီဘီစီ ကို ပြောပါတယ်။