အပစ်ရပ် ဒုတိယ မူကြမ်း နှစ်ဖက် သဘောတူ

NCCT and MPC Meeting ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption ပြီးခဲ့တဲ့ မူကြမ်းကို ဆက်ဆွေးနွေးရာမှာ အချက် အတော်များများကို သဘောတူတယ်လို့ဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ NCCT တိုင်းရင်းသား လက်နက်ကိုင် များရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေး အဖွဲ့တို့ သုံးရက်ကြာ ဆွေးနွေး အပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဒုတိယ မူကြမ်း လက်မှတ်ထိုး နိုင်တယ်လို့ ပူးတွဲသတင်း ထုတ်ပြန်ပါတယ်။

အခု သဘောတူလိုက်တဲ့ မူကြမ်း ဟာ အရင်က သဘောတူ ထားခဲ့တဲ့ ပထမ မူကြမ်းမှာပါတဲ့ အချက်တွေကို ထပ်မံ ဆွေးနွေးပြီး အချက်အလက် အတော်များများကို သဘောတူနိုင်ခဲ့ကြတာလို့ နှစ်ဖက် ခေါင်းဆောင် တွေက ပြောပါတယ်။

အခု ဆွေးနွေးပွဲမှာ တိုင်းရင်းသား အဖွဲ့တွေ ဘက်က တင်သွင်း အဆိုပြုတဲ့ ဘယ်အချက်ကိုမှ ပိတ်ပင် တားဆီးမှု မရှိဘဲ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ဘက်က ကိုယ်စားလှယ်တွေက ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

ဒါပေမဲ့လည်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြားမှာ ဆက်လက် ဆွေးနွေးရမယ့် အချက်တွေက ရှိနေပါ သေးတယ်။

NCCT အဖွဲ့ က ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း ကတော့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ထဲမှာ ဖက်ဒရယ်နဲ့ လွှတ်တော်ပြင်ပလို ကိစ္စ၊ ဒို့တာဝန် အရေး ၃ ပါး တို့ကို ဆွေးနွေး ရာမှာ တိုင်းရင်းသားတွေ ဘက်က မူအားဖြင့် သဘောတူထား ပေမဲ့ ထပ်မံဆွေးနွေးဖို့ လိုသေးတယ်လို့ ပြောပါတယ်။

အစိုးရနဲ့ မူအားဖြင့် သဘောတူ ထားတဲ့ အချက်တွေကို NCCT အဖွဲ့က လာမယ့် ဇွန်လထဲမှာ ပြုလုပ်မယ့် တိုင်းရင်းသား ညီလာခံမှာ ဆွေးနွေးဖို့ ရှိပါတယ်။

အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းသော မူကြမ်း ရရှေရေး အတွက် အစိုးရနဲ့ NCCT တို့ရဲ့ ဆွေးနွေးမှုကိုလည်း လာမယ့် ဇွန်လထဲမှာပဲ နောက်တစ်ကြိမ် ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ