ဖွဲ့စည်းပုံ ပြင်ရေး လက်မှတ်ကောက်ခံ

constitution ဓာတ်ပုံ မူပိုင် AFP
Image caption အခြေခံ ပြင်ရေး NLD နဲ့ ၈၈ ပူးပေါင်း လှုံ့ဆော်

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ရေး ထောက်ခံ ဆန္ဒပြုလိုသူ တွေ နာရေး ကူညီရေး လူမှု အသင်းမှာလည်း လက်မှတ်ထိုးနိုင်တယ်လို့ သိရပါတယ်။

အခြေခံ ဥပဒေ ပြင်မယ် ပြောပြီး တကယ် မပြင်မှာ စိုးလို့ မှတ်တမ်းတင်တဲ့ အတွက် လက်မှတ်ထိုး တောင်းဆိုဖို့ စီစဉ်တာလို့ နာရေး ကူညီမှု (ရန်ကုန်) အသင်းက ဥက္ကဋ္ဌ ဦးကျော်သူက ဘီဘီစီကို ပြောပါတယ်။

တိုင်းပြည် နဲ့ အစိုးရ ဆန္ဒနဲ့ လုပ်ဆောင်မှုတွေ ဝိရောဓိ လွန်ဆွဲမှုတွေ မဖြစ်မှ တိုင်းပြည် အေးချမ်းတိုးတက်မှာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

ရုပ်ရှင်နဲ့ စာပေ ဂီတ အနုပညာရှင်များ ကလည်း အခြေခံ ဥပဒေ ပုဒ်မ ပြင်ဆင်ရေး လက်မှတ် ရေးထိုး နေကြပါတယ်။

တနင်္ဂနွေနေ့ ညနေ ၄ နာရီမှာ ရန်ကုန် အရှေ့ပိုင်း ခရိုင် အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ဟောပြောပွဲကို ဒေါပုံ မြို့နယ် အားကစား ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ