တအောင်းတပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်

_pslf_tnla_peace_talk ဓာတ်ပုံ မူပိုင် T.N.L.A
Image caption တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်

ရှမ်းပြည်နယ် တအာင်း ပလာင်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ်၊ ကျောက်ဖြူ ကျေးရွာအနီးမှာ၊ အစိုးရစစ်တပ် တပ်မ ၇၇ ရဲ့ လက်အောက်ခံတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး TNLA အကြား၊ ထပ်မံ တိုက်ပွဲတွေ ဖြစ်ပေါ် ခဲ့ပါတယ်။

TNLA အဖွဲ့ရဲ့ ပျောက်ကြား စခန်းတစ်ခု ရှိရာကို၊ ထိုးစစ်ဆင်လာတဲ့ အစိုးရတပ်တွေနဲ့ တိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်လို့ တအောင်း လွတ်မြောက်ရေးအဖွဲ့က တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ အစိုးရတပ်ဘက်က အကျအဆုံး ရှိတာ တွေ့ရတယ် ဆိုပြီး၊ TNLA ဘက်က ပြောပေမယ့်၊ သီးခြား အတည်ပြုမှု မရယူ နိုင်သေးပါဘူး။

တနိုင်ငံလုံး အပစ်ရပ်ရေး ဒုတိယမူကြမ်းကို သဘောတူနိုင်ခဲ့တယ် ဆိုပြီး၊ ရန်ကုန် ငြိမ်းချမ်းရေး စင်တာ တွေ့ဆုံပွဲကနေ၊ အစိုးရ ကိုယ်စားလှယ်တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ကိုယ်စားလှယ် အဖွဲ့ NCCT အကြား ကြေညာခဲ့ စဉ်မှာပဲ၊ ရှမ်းပြည်နယ် အတွင်း၊ ဒီလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတာပါ။

တအာင်းပလောင်အဖွဲ့ကလည်း၊ NCCT ထဲ၊ အပါအဝင် ဖြစ်ပါတယ်။

သူတို့ဒေသထဲမှာ အစိုးရ စစ်တပ်ရဲ့ အင်အား တိုးချဲ့လာပြီး၊ လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အတွက်၊ တိုက်ပွဲတွေ ဖြစ်နေရတာလို့ တာဘုန်းကျော် က ပြောပါတယ်။

၂၀၁၄ ခုနှစ် အတွင်း အစိုးရတပ်နဲ့ TNLA အကြား ထိတွေ့ တိုက်ခိုက်မှု အကြိမ် ၅၀ ကျော် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ