မြန်မာ့ငါးတင်ပို့မှု ကျဆင်း

fishery ဓာတ်ပုံ မူပိုင် AFP
Image caption မွေးမြူရေး ငါးတွေ ရဲ့အရည်အသွေး မြှင့်တင်ဖို့ လို နေ

မြန်မာနိုင်ငံ က နိုင်ငံခြားကို ငါးတင်ပို့တဲ့ လုပ်ငန်းမှာ ကျဆင်းတာတွေ ဖြစ်နေပြီး ပြီးခဲ့တဲ့ ၂၀၁၃ - ၁၄ ဘဏ္ဍာရေး နှစ်မှာ ငါးတင်ပို့တာ က ရတဲ့ ဝင်ငွေ ဒေါ်လာ ၅၃၆ သန်း အထိ ကျဆင်းသွားပါတယ်။

၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်မှာ ငါးတင်ပို့တဲ့လုပ်ငန်း က ဝင်ငွေ ဒေါ်လာ သန်း ၆၅၀ ရှိခဲ့တာမို့ ဒေါ်လာသန်း ၁၀၀ ကျော် ဝင်ငွေ ကျဆင်းသွားတာပါ။

ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ လည်း အစိုးရ က ပတ်၀န်းကျင်ထိန်းသိမ်းရေး အတွက် ငါးဖမ်းရာမှာ ကန့်သတ်ချက် တွေ များလာ တဲ့အတွက် ငါးဖမ်းတာ က နေ ငါးရရှိတာ ကျဆင်းခဲ့တယ်။ အဲဒီအတွက်တင်ပို့မှုကျဆင်းသွားတယ်။ တခါ မွေးမြူရေး ငါး တွေ အပိုင်းမှာ လည်း ဟိုးအရင် နှစ် ကအရှုံးပေါ်တဲ့ အတွက် ငါးမွေးမြူသူတွေ ကို လျှော့မွေး ကြဖို့ ပြောကြတာကြောင့် မွေးမြူရေးငါးတွေ၊ အထူးသဖြင့် ငါးမြစ်ချင်း ငါးတင်ပို့တာ ကျဆင်းသွားတယ် လို့ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးနှင်းဦး က ဘီဘီစီ ကို ပြောပါတယ်။

စျေးကွက်တွေ က ဥရောပ နိုင်ငံတွေ၊ အမေရိကန်နိုင်ငံ တွေ ဘက်ကို ပွင့်လာတယ် ဆိုပေမယ့်လည်း သူတို့ က ချမှတ်တဲ့ အရည်အသွေးအဆင့်အတန်း ကို မမီတဲ့အတွက် တင်ပို့နိုင်တာ တွေ က တိုးမလာ တာလို့ လည်း သူ က ရှင်းပြပါတယ်။

ငါးမွေးမြူရာမှာ အသုံးပြုတဲ့ ဓာတုဆေးတွေ ကအစ ထိန်းသိမ်း ကြဖို့လို သလို ကုန်ချောထုတ်ပို့မှု ပိုင်းမှာ လည်း အဆင့်အတန်းမြှင့်ဖို့ လိုအပ်နေကြောင်း လည်း သိရပါတယ်။