ရဲတပ်ဖွဲ့လုပ်ငန်း ရှင်းလင်းပွဲ အခမ်းအနား

Image caption ယာဉ်ထိန်း ရဲတပ်ဖွဲ့လည်း လုပ်ငန်း ရှင်းလင်းပွဲမှာ ပါ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်တွေကို သင်တန်း ပေးခဲ့တဲ့ ဥရောပ သမဂ္ဂ ကနေ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်း တွေကို အများ ပြည်သူ သိအောင် ရန်ကုန် မင်္ဂလာ တောင်ညွန့် မြို့မ ရဲစခန်းဝင်း အတွင်း ရှင်းလင်း ပြသခဲ့ ပါတယ်။

ဒီ အခမ်း အနား မှာ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှာ ရှိတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လူကုန် ကူးမှု တားဆီး နှိမ်နင်း ရေး ရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ စသည်ဖြင့် ဌာန အလိုက် ပါဝင် ပြသခဲ့ ပါတယ်။

အီးယူ ကနေ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင် ပြောင်းလဲ ရေး အတွက် ဇန်နဝါရီ လက စပြီး လေ့ကျင့် သင်တန်းတွေ ပေးခဲ့တာ ဖြစ်ပြီး၊ အဲဒီ အထဲမှာ ရန်ကုန် မြို့နယ် ၂ ခု မှာ လုပ်ကိုင် နေတဲ့ ပြည်သူ့ ဗဟိုပြု ရဲ လုပ်ငန်းလည်း တစ်ခု အပါ အဝင် ဖြစ်ပါတယ်။

ပြည်သူ့ ဗဟိုပြု ရဲလုပ်ငန်းစဉ် အကြောင်း သင်တန်း ပေးနေတဲ့ မြောက် အိုင်ယာလန်က ဒေးဗစ်ဟေမီလတန် ကတော့ စမ်းသပ် စီမံကိန်း ၄ ခု ကို ဆောင်ရွက် နေပြီး၊ အဓိက ရည်ရွယ်ချက် ကတော့ ပြည်သူ့ ဗဟိုပြု ရဲလုပ်ငန်းစဉ် မြန်မာ နိုင်ငံမှာ ပေါ်ပေါက် လာရေး ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဟာ ပြည်သူတွေ အပေါ် နှိပ်စက် ခဲ့တဲ့ မှတ်တမ်းတွေ ရှိတဲ့ အတွက်၊ အီးယူက အခုလို ကူညီပေး နေတဲ့ အပေါ် အမြင်ကွဲလွဲ စရာ တချို့ ရှိပေမယ့်လည်း အီးယူ အနေနဲ့ ယူရိုငွေ ၁၀ သန်း ချမှတ် ပေးထားပြီး မြန်မာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀၀၀ လောက်ကို ၂၀၁၅ ခုနှစ် မတ်လ အထိ သင်တန်း ပေးဖို့ ရည်ရွယ် ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ