ဟိန္ဒား သတ္တုတွင်း ညစ်ညမ်းမှု တရားစွဲ

heinda ဓာတ်ပုံ မူပိုင် heinda
Image caption အပွင့်တွင်း တူးဖော်မှုကြောင့် ဆိုးရွားလာ

တနင်္သာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ တွေကြောင့် အနီး ချောင်းရိုးပေါ်က ရွာတွေမှာ ဥယျာဉ် ခြံမြေတွေ ပျက်စီးပြီး ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် ထားဝယ် ခရိုင် တရားရုံးမှာ အမှုဖွင့် စွဲဆိုထားတယ်။

သတ္တု တူးဖော်ရေး ဖက်စပ် လုပ်နေတဲ့ ထိုင်း ကုမ္ပဏီနဲ့ အမှတ် (၂ ) သတ္တုတွင်း လုပ်ငန်း တိုင်းနဲ့ မြို့နယ် အဆင့် တာဝန်ရှိသူ တွေကို မြောင်းပြိုရွာသား တွေက အမှုဖွင့် ခဲ့ကြတာ ဖြစ်ပါတယ်။

မူလက အစဉ်အဆက် တူးဖော်ခဲ့စဉ်က အထိအခိုက် မရှိခဲ့ဘဲ ၁၉၉၉ နောက်ပိုင်း ထိုင်း ကုမ္ပဏီနဲ့ ပူးတွဲ လုပ်ကိုင်ရာက စက်ကြီးတွေနဲ့ တူးဖော်ပြီး အပွင့်တွင်း တူးဖော်မှု တွေ လုပ်လာ ခဲ့ပြီး နောက် အနည် ပို့ချမှု ပြဿနာ ပေါ်လာ ခဲ့ပါတယ်။

အနီး ဝန်းကျင် ရွာတွေမှာလဲ ထိခိုက်မှု တွေ ရှိကြပြီး နှစ်ရှည် သီးပင်တွေ ပျက်စီး တာနဲ့ ရွာသားတွေမှာ အရေပြား ရောဂါ တွေ ခံစားကြရတယ်လို့ အမှု စွဲဆို သူ ဒေသခံ တွေက ပြောကြား ပါတယ်။

ဟိန္ဒား၊ ဟာမြင်းကြီး၊ ကန်ဘောက် စတဲ့ ထားဝယ် သတ္တုတွင်း တွေက ခဲမဖြူ၊ အဖြိုက်နက် စတဲ့ တွင်းထွက် သတ္တုတွေ တူးဖော် ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ