နိုင်ငံရေး အကျဉ်းသားတွေ ဆက်ဖမ်းဆဲလို့ဆို

  • 28 မေ 2014
political prisoner ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရသစ်က အကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လက် ဖမ်းဆီးတာတွေ ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့တွေက ကြေညာချက် ထုတ်ခဲ့ပါတယ်။

အစိုးရသစ် လက်ထက် နိုင်ငံရေး အကျဉ်းသား ၃ဝ လောက် ကျန်ခဲ့ရာက ၅၉ ယောက်ထိ တိုးလာတာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း နဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရသစ်က နိုင်ငံရေး လှုပ်ရှားသူ ၈၅ ယောက်ကိုလဲ ပုဒ်မ ၁၈၊ ၅ဝ၅ (ခ) စတဲ့ ပုဒ်မ တွေနဲ့ တရားစွဲဆို ထားတယ်လို့ အကျဉ်းသား ဟောင်းများ အဖွဲ့ ရုံးတာဝန်ခံ ကိုသက်ဦးက ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြခွင့် ချပေးရာမှာ အစိုးရ လိုလားသူ တွေကို ဘက်လိုက် ခွင့်ပြုခဲ့ပြီး ဆန့်ကျင်မယ်လို့ ယူဆသူတွေကို ချမပေးဘဲ ဆန္ဒပြမှုနဲ့ ဖမ်းဆီး နေတာ လို့လဲ ဆိုပါတယ်။

မြေယာ ဆန္ဒပြမှု တွေနဲ့ အတူ မကွေးနဲ့ လွိုင်ကော်က သတင်းထောက် တွေကို ဖမ်းဆီး အရေးယူတာမျိုး မီဒီယာ တွေကို လိုက်လံ နှိပ်ကွပ် နေမှုတွေ ရှိတယ် လို့ သိရပါတယ်။

အစိုးရနဲ့ အကျဉ်းသား စောင့်ရှောက်ရေး အဖွဲ့တွေ ပူးတွဲပြီး နိုင်ငံရေး အကျဉ်းသား စိစစ်ရေး အစည်းအဝေးတွေ ဆက်လက် ခေါ်ယူမှု မရှိဘဲ ရပ်နား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ