ဒဂုံဆိပ်ကမ်း အိမ်ဖျက် ခိုက်ရန်ဖြစ်ပွား

  • 30 မေ 2014
squatter
Image caption ကျူးကျော်လို့ သတ်မှတ်ပြီး အိမ်ဖျက်ခံရ

ရန်ကုန် ဒဂုံဆိပ်ကမ်း အမှတ်(၆၇)ရပ်ကွက်က ကျူးကျော်အိမ် ၂ဝ ကျော်ကို မနေ့ မနက်က စည်ပင် ဦးဆောင်ပြီး ဖျက်ဆီးရာမှာ ခိုက်ရန် ဖြစ်လို့ ဒဏ်ရာ ရသူရ ဖြစ်ခဲ့ ကြပါတယ်။

မနက် ၄နာရီ လောက်က စည်ပင်သာယာ ဦးဆောင်ပြီး အုပ်ချုပ်ရေး အဖွဲ့နဲ့ ရဲတွေ ပါတဲ့ အင်အား ၂၀ဝ ကျော်နဲ့ ဝင်ရောက် ဖျက်ဆီး ခဲ့တာပါ ။

အဲလို ဖျက်ဆီးတဲ့ အချိန်မှာ အိမ်ပိုင်ရှင်တွေက ခုခံ တိုက်ခိုက်ခဲ့လို့ နှစ်ဘက်လုံး ထိခိုက် ဒဏ်ရာရ ခဲ့ကြတယ် လို့သိရပါတယ်။

စည်ပင် ကတော့ ဒီနေရာဟာ ကြက်ဘဲဈေး ဆောက်ဖို့ သတ်မှတ် ထားတဲ့ နေရာ ဖြစ်ပြီး ခုနေကြသူတွေဟာ ကျူးကျော်လို့ သတ်မှတ် ပြီးတော့ ဖျက်ခဲ့ကြတာ လို့ပြောပါတယ်။

အိမ်ဖျက်ခံရတဲ့ ဦးတော်မီ ကတော့ သူတို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက် ကတည်း က နေခဲ့တာလို့ ပြောပါတယ်။

ဒဂုံဆိပ်ကမ်း မြို့နယ် စည်ပင် ရုံးကတော့ အဖြစ်ပျက် မှန်ကန်ကြောင်း လောက်ပြောပြီး အသေးစိတ် ကိုတော့ ဖြေဆို မပေးခဲ့ပါဘူး။

အိမ်တွေ ဖျက်ခံရတဲ့ သူတွေ ကတော့ အရင်လတွေက စည်ပင်သာယာက သတိပေးစာ လာကတည်းက သူတို့ကို မြေနေရာ အစားပေးရင် ရွှေ့ပေးမယ်လို့ မြို့တော်ဝန် အထိ စာတင် ထားတယ်လို့ ပြောပါတယ်။

ဖျက်ခံထားရတဲ့ အိမ်တွေက မိသားစု ၂ဝဝ ကျော်ဟာ သူတို့ နေရာဟောင်းမှာ တဲထိုးပြီး ဒုက္ခသည်စခန်း ဖွင့်ထားတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ