လက်ပံတောင်းပြဿနာ ရေရေရာရာ မဖြေရှင်းရသေး

monywa_protest_monk ဓာတ်ပုံ မူပိုင် AFP
Image caption လွန်ခဲ့တဲ့ ၁နှစ်ခွဲက မီးသင့်ခဲ့ရတဲ့ သံဃာတော်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ ဒေသခံ တောင်သူတွေ နဲ့ သံဃာတော်တွေ ရဲ့ သပိတ်စခန်း တွေကို အာဏာပိုင်တွေ ကနေ၊ အကြမ်းဖက် ဖြိုခွင်းခဲ့တာ တနှစ်ခွဲ ပြည့်တဲ့ အချိန်မှာ၊ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ဖွဲ့ခဲ့တဲ့ လုပ်ငန်း ကော်မတီဟာ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီအရင် ခံစာကနေ အကြံပြု ထားမှုတွေ ရဲ့ ၅၀ ရာခိုင်နှုန်း လောက်တောင်၊ မဖောင်ဆောင် ပေးခဲ့ဘူး လို့ ဒေသခံတွေ က ပြောလိုက်ပါ တယ်။

လွတ်လပ်တဲ့ စိုက်ပျိုးမြေ ဧကပေါင်း ၁၈၀၀ ဖော်ဆောင် ပေးမယ် ဆိုတာလည်း အကောင်အထည် မပေါ်ခဲ့သလို၊ မြေယာ ပြဿနာ တွေ မဖြေရှင်း ပဲ၊ ဝမ်ပေါင် ကုမ္မဏီဘက်က ပိုင်နက် သံဆူးကြိုး တွေ၊ တိုးချဲ့ ခတ်နေတဲ့ လုပ်ရပ်တွေ ကြောင့်၊ ပြဿနာတွေ ပိုမို ရှုပ်ထွေး နေရဆဲ ဖြစ်ကာ၊ ဒေသခံတွေ ဘက်က မကျေနပ်ချက်တွေ လည်း တိုးမြင့်နေရဆဲပဲ လို့ လက်ပံတောင်းတောင် အရေးမှာ ပါဝင် လှုပ်ရှားနေသူလည်း ဖြစ်၊ ဒေသခံ သံဃာတော် လည်း ဖြစ်တဲ့ အရှင် စန္ဒာသီရိ က မိန့်ပါ တယ်။

သပိတ်စခန်းတွေ အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရတဲ့ ၁ နှစ် ခွဲ အထိမ်းအမှတ် အဖြစ် တုံရွာ အင်းရှင်ပင် ဘုရားမှာ မေ ၃၀ ရက်နေ့က ဆုတောင်းပွဲ ကျင်းပခဲ့ကြ သလို၊ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ နဲ့ ဆူးလေဘုရား တဝိုက်မှာတော့ လူ အယောက် ၅၀ လောက် ဟာ စီမံကိန်း ဖျက်သိမ်းရေး အတွက် ချီတက် ဆန္ဒပြခဲ့ ကြ ပါတယ်။

ဒီပြသနာ ကို ပြေလည်သွားဖို့ အတွက် လုပ်ဆောင် ရမှာကတော့၊ အစိုးရ အပါအဝင် စစ်တပ်ပိုင် ဦးပိုင်နဲ့ ဝမ်ပေါင် ကုမ္မဏီတို့ ဟာ၊ ဒေသခံတွေ နဲ့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဖြေရှင်း သွားသင့်တယ် လို့ အရှင်စန္ဒာသီရိ က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ