နိုင်ငံခြားသားတွေ မြန်မာအမည်ခံပြီး စီးပွားရေးလုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ နိုင်ငံသား ပုံစံမျိုး လုပ်ကိုင် နေတာ ဖြစ်လို့ အခွန်ငွေ အများကြီး သက်သာ နေ

မြန်မာ နိုင်ငံမှာ နိုင်ငံသား အမည်ခံနဲ့ နိုင်ငံ ခြားသား ရင်းနှီး မြှုပ်နှံ သူတွေ ရှိနေ တာကို ဖေါ်ထုတ် အရေးယူ ပေးဖို့ ပြည်သူ့ လွှတ်တော်မှာ မေးခွန်း မေးမြန်း ခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူက လာရောက် ဖြေကြားခဲ့ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် အမတ် သူရ ဦးအောင်ကို ကနေ မေးခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန် ကနေ ပြန်လည် ဖြေကြား ခဲ့တာပါ။

စစ်ဆေးချက် အရ နိုင်ငံခြားသား ၉ ကနေ၂၁ ဦး အထိ ဟာ နိုင်ငံသား ပုံစံနဲ့ စီးပွားရေးတွေ လုပ်နေကြောင်း၊ အဲဒီ အတွက် သူတို့ကို နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု အဖြစ် ပြန် မှတ်ပုံတင် ခိုင်းတယ်လို့ ဆိုပါတယ်။

အဲဒီ သူတွေဟာ မြန်မာ နိုင်ငံသား ပုံစံမျိုး လုပ်ကိုင် နေတာ ဖြစ်လို့ အခွန်ငွေ အများကြီး သက်သာ နေတာ ဖြစ်တယ်လို့ ပြန်သူ့ လွှတ်တော် အမတ် ဦးရဲထွန်းက ရှင်းပြ ပါတယ်။

သူတို့ဟာ အဝတ် အထည်ချုပ် လုပ်ငန်းတွေ အများဆုံး လုပ်ကိုင် တာကို တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ