မြန်မာ့ ဒီမိုရေး ကင်တားနား တိုက်တွန်း

quintana ဓာတ်ပုံ မူပိုင် Reuters
Image caption ကင်တားနားကို ဆန္ဒပြမှု တွေ ကြုံတွေ့ခဲ့

မြန်မာ့ ဒီမိုကရေစီ လမ်းကြောင်း ခိုင်မာအောင် ဆက် လျှောက်လှမ်း ကြဖို့ ဒီလကုန် တာဝန် အဆုံးသတ် တော့မယ့် မြန်မာပြည် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် ကင်တားနား က တိုက်တွန်း လိုက်ပါတယ်။

သူ့ရဲ့ သက်တမ်း ၆ နှစ် အတွင်း မြန်မာပြည်မှာ သမိုင်းဝင် ပြောင်းလဲမှုကြီးတွေ ကြုံခဲ့ရပြီး လွတ်လပ်မှုတွေ သိသိသာသာ ပေါ်ထွန်း လာခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အခြေအနေ ကောင်းတွေ ထွက်ပေါ် လာကြောင်း မစ္စတာ ကင်တားနား က ပြောကြား ခဲ့ပါတယ်။

မြန်မာ အစိုးရက ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူ ၁၁ဝဝ ကျော်ကို ပြန်လွှတ် ပေးခဲ့ပေမယ့်လဲ ၅၉ ယောက် ကျန်နေသေး တာကို ကင်တားနား က ထောက်ပြပါတယ်။

မတ်လက စစ်တွေမှာ ဖြစ်ပွားတဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့အစည်း တွေကို တိုက်ခိုက်ခဲ့မှု လက်သည် မပေါ်သေးတာနဲ့ အခု ဒီနေရာကို နိုင်ငံတကာ အဖွဲ့တွေ ပြန်သွားခွင့် ပြုပြီး နောက်မှာလဲ ဒေသတွင်း က မွတ်ဆလင် တွေရဲ့ နေထိုင် ရပ်တည်ရေး အခက်အခဲ တွေ ကြုံနေရဆဲ ဖြစ်ကြောင်း ကင်တားနား က သတိပေး သွားပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး နဲ့အတူ ပြုပြင်သွားဖို့ လိုတယ်လို့ မစ္စတာ ကင်တားနား က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ