ဘင်္ဂလား - မြန်မာရေး အေးချမ်းစေလို

  • 1 ဇွန် 2014
bangladesh ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာ့ အနောက်ဘက် အိမ်နီးချင်း တိုင်းပြည်

ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ် တင်းမာမှု တွေကို ပြေလည်အောင် ဖြေရှင်းလိုကြောင်း ဘင်္ဂလား နယ်ခြားစောင့် တပ်မှူးက ပြောဆို လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲ့ မူဝါဒ အရ အိမ်နီးချင်း နိုင်ငံ ကို ရန်ပြုနေတဲ့ လက်နက်ကိုင် အဖွဲ့ တွေကို လက်ခံမှာ မဟုတ်ကြောင်း၊ RSO ရိုဟင်ဂျာ အဖွဲ့ကို လက်ခံ ထားတာ လဲ မရှိကြောင်း နယ်ခြားစောင့် တပ်မှူး ဗိုလ်ချုပ် အဇစ် အာမက် က ဘီဘီစီကို ပြောပါတယ်။

RSO ရိုဟင်ဂျာ လက်နက်ကိုင် လှုပ်ရှားမှု သတင်းရရင် မြန်မာနဲ့ ပူးတွဲ ကင်းလှည့် ချေမှုန်းရေးတွေ လုပ်ဖို့၊ အိန္ဒိယနဲ့ ဘင်္ဂလား ဒေ့ရှ် နယ်စပ် လုံခြုံရေး ပူးတွဲ လုပ်ဆောင် သလို မြန်မာနဲ့ နီးစပ်စွာ လက်တွဲ လိုကြောင်းလဲ ပြောကြား သွား ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က နယ်ခြား တပ်တွေ တိုးချဲ့ ချထား တာဟာလဲ ရန်ပြုတဲ့ သဘော မဟုတ်ဘဲ နယ်စပ် အခြေ အနေ အရ မြန်မာ ဘက်က တပ်တိုးချ သလိုပဲ တပ် အားဖြည့် တာသာ ဖြစ်ပြီး နယ်စပ် လုံခြုံရေး အတွက် ကြပ်မတ် စစ်ဆေး နေတယ် လို့လဲ ပြောပါတယ်။

နှစ်ဘက် အဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်တွေ အကြား အလံတင် အစည်းအဝေး တခု ဇွန်လ ၅ ရက် ၆ ရက်လောက်မှာ မောင်တောမြို့မှာ ခေါ်ယူ ဆွေးနွေးဖို့ ရှိပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ