ထားဝယ်လယ်သိမ်း ကိစ္စ အငြင်းပွား

  • 1 ဇွန် 2014
ဓာတ်ပုံ မူပိုင် tuntun win
Image caption ခြံစည်းရိုးခတ်ဖို တိုင်တွေ လာစိုက်တာကို လယ်သမား တွေက လက်မခံပဲ ငြင်းဆန်

တနင်္သာရီတိုင်း ထားဝယ်မြို့ အဝင် အမတ် ၁၈ ရပ်ကွက် ကမျောခင်း လမ်းမကြီး ဘေးက တောင်သူ ၆၄ ဦး ပိုင်တဲ့ လယ်မြေ ဧက ၃၀၀ ကျော် ကို တိုင်းဒေသကြီး အစိုးရက မြို့ပြ စီမံကိန်း လုပ်ဖို့ ဆိုပြီး ခြံခတ် တာကြောင့် မူလ မြေပိုင်ရှင် တွေနဲ့ အချင်းများခဲ့ကြ ပါတယ်။

အာဏာပိုင်တွေက ခြံစည်းရိုးခတ်ဖို တိုင်တွေ လာစိုက်တာကို လယ်သမား တွေက လက်မခံပဲ ငြင်းဆန်ရာ ကနေ ရုန်းရင်း ဆန်ခတ်ဖြစ် အချင်း များခဲ့ကြတာ လို့ မြေပိုင်ရှင်တွေ ထဲက တယောက် ဖြစ်တဲ့ မရွှေစင်ယုက ပြောပါတယ်။

ဒီမြေတွေကို ၁၉၉၀ ခုနှစ် ကတည်းက သိမ်းထားတာ ဖြစ်တယ်လို့ အာဏာပိုင် တွေက ပြောကြောင်း ကိုလည်း သူက ရှင်းပြပါတယ်။

မြေ ၃ ဧက ပိုင်တဲ့ သူကို အိမ်တကွက် နှုန်းနဲ့ လျော်ကြေး ပေးမယ်လို့ အာဏာပိုင်တွေက ပြောဆို ထားပေမယ့် လယ်သမားတွေ ဘက်က လက်မခံ နိုင်ဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော့ သမ္မတ၊ လွှတ်တော်၊ လူ့အခွင့်အရေး ကော်မရှင်နဲ့ မြေယာ စုံစမ်းရေး ကော်မရှင်တို့ကို စာတင် ထားပြီး ဖြစ်ပေမယ့်လို့ ဘာမှာ ထူးခြားတဲ့ အဖြေလည်း မရသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

မြေပိုင်ရှင်တွေ ကတော့ သူတို့ မြေတွေဟာ တဧကကို ကျပ်သိန်း တသောင်းလောက် တန်တာမို့ အသက် ပေးပြီး ခုခံ သွားမယ်လို့ ဆိုကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရ တာဝန် ရှိတဲ့ အတွင်းရေးမှုးဆီကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် ဖြေဆို မပေးဘဲ ဖုန်းချ သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ