ဖွဲ့စည်းပုံ ခုံရုံး ဥပဒေ ဘာတွေ ပြင်ဆင်မလဲ

Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော် အမတ်များ

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အများ ပြည်သူ လေ့လာနိုင်အောင် ဆိုပြီး ဇွန်လ ၁ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပြီး လွှတ်တော် ကိုလည်း ခုံရုံးက ပေးပို့ထား ပါတယ်။

သမ္မတနဲ့ လွှတ်တော် နှစ်ရပ်ကြား အပြန်အလှန် အငြင်းပွားမှုတွေ ရှိခဲ့တဲ့ အဲဒီဥပဒေမှာ အဓိကအားဖြင့် ခုံရုံး ဥက္ကဌ ရွေးချယ်မှုနဲ့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်က အပြီးသတ် အတည် ဖြစ်တယ်လို့ အခု ပြင်ဆင် ချက်မှာ ထည့်သွင်း ဖော်ပြထား ပါတယ်။

ဒီခုံရုံး ဥပဒေပြင်ဆင်ချက်ကို အခု အမျိုးသား လွှတ်တော်မှာ စတင် ဆွေးနွေးမယ်လို့လည်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မီတီဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အခု အဆိုပြုထားတဲ့ အတိုင်းသား ပြင်ဆင် လိုက်နိုင်ပြီ ဆိုရင် အရင်က သမ္မတနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန် စွပ်စွဲမှုတွေ၊ အငြင်းပွား ခဲ့တာမျိုးတွေ ဖြစ်လာစရာ မရှိနိုင်တော့ဘူးလို့ ခုံရုံး ကိစ္စတဲ့ ပတ်သက်ပြီး အရင်က လွှတ်တော်ဆွေးနွေးမှု တွေမှာ ပါဝင်ခဲ့သူ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ