ကချင် ဒုက္ခသည် ထောင်ထပ်တိုးချ

kachin ဓာတ်ပုံ မူပိုင် AFP
Image caption KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတုန်း အမှုချ

KIA နဲ့ ဆက်တယ် ဆိုပြီး မတရားသင်း ဆက်သွယ်မှု စွဲချက်တွေနဲ့ ထောင်ကျ ပြီးသား ကချင် ဒုက္ခသည် ၃ ယောက်ကို ဖောက်ခွဲမှု တွေနဲ့ ဆက်စပ်ပြီး ၃ နှစ်က ၁၄ နှစ်ထိ နှစ်ရှည် ထောင်ဒဏ်တွေ မြစ်ကြီးနား ခရိုင် တရားရုံး နှစ်ခုက ထပ်မံ ချမှတ် ခဲ့ပါတယ်။

ဒီချမှတ်ခဲ့မှု တွေကို တရားမျှတမှု မရှိဘူး လို့ သူတို့ရဲ့ အမှုလိုက် ရှေ့နေ ဦးမာခါးက ဘီဘီစီကို ပြောပါတယ်။

ဖောက်ခွဲမှု ၆ မှုနဲ့ ဆက်နွယ်ပြီး ဦးဘရန်ရုန်ကို ထောင်ဒဏ် ၁၄ နှစ်၊ ဦးလဖိုင်ဂမ်ကို ၁၃ နှစ်၊ ဦးလရိန်ကို ၃ နှစ်စီ ဇွန်လ ၅ ရက်က ချမှတ်ခဲ့တာပါ ။

စရဖ ထောက်လှမ်းရေး စစ်ချက်တွေမှာ ဒီလူတွေကို ဒုက္ခသည် စခန်းက လချီ ပျောက်နေတယ်လို့ ပါရှိပေမယ့် ဒီလူတွေ စခန်းမှာ ရှိနေကြောင်း သက်သေ ခံသူတွေ ရှိတယ်လို့ ဦးမာခါးက ရှင်းပြပါတယ်။

စစ်အစိုးရခေတ် ကထက် တရားရုံးမှာ ပြောခွင့် ရှိလာတယ် ဆိုပေမယ့် လွတ်လပ် မျှတတဲ့ တရား စီရင်ရေးလို့ မပြောနိုင် သေးဘူး လို့ ဆိုပါတယ်။

KIA က မြစ်ကြီးနား မှာ ဆက်ဆံရေး ရုံးဖွင့်ပြီး အစိုးရနဲ့ ဆွေးနွေးနေချိန်မှာ ဒီလို စွပ်စွဲ အရေးယူမှုတွေ လုပ်နေတာက မဆီလျော် ကြောင်းလဲ ပြောပါတယ်။

ဒီလူ ၃ ယောက်ကို ၂ဝ၁၃ ခုနှစ် က မတရားသင်း ဆက်မှု၊ ဖောက်ခွဲမှု တွေနဲ့ ထောင် ၂ နှစ်က ၇ နှစ်ထိ ချမှတ် ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ