NLD ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

  • 7 ဇွန် 2014
suu ဓာတ်ပုံ မူပိုင် AFP
Image caption ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ ဘောင်ထဲက လုပ်မယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂ဝ၁၄ ပထမ အကြိမ် ဗဟို ကော်မတီ အစည်းအဝေး ကို ရန်ကုန်မှာ ပြုလုပ် နေပါတယ်။

ဒီအစည်းအဝေး မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှု တွေ နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကြိုတင် ပြင်ဆင်မှု တွေ ကို ပြည်နယ်နဲ့ တိုင်း ဗဟို ကော်မတီဝင် တွေ အဓိက ထား ဆွေးနွေး နေပါတယ်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အရေးကြီးတဲ့ အချိန် ရောက်နေတဲ့ အတွက် ပွင့်ပွင့် လင်းလင်း ဆွေးနွေး ကြဖို့ ပြောရင်း ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ဥပဒေ ဘောင် ထဲက လုပ်သွားမယ် လို့ ပါတီ ခေါင်းဆောင် တွေကို ထပ် ပြောခဲ့ပါတယ်။ NLD ကို စံနှုန်း မြင့်မားဖို့ ဒေါ်အောင်ဆန်း စုကြည် က ပြောသလို ပါတီဝင် တွေရဲ့ အားနည်းချက် တွေ ရှိနေတာ ကို သူက ပွင့်ပွင့်လင်း ပြောခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲ မှာလည်း NLD ပါတီဝင်တွေ လိုက်နာ ရမယ့် စည်းမျဉ်း စည်းကမ်း တွေ ကို အများဆုံး ဆွေးနွေး ခဲ့တယ်လို့ ကရင် ပြည်နယ်က ဗဟို ကော်မတီ ဝင် ဒေါ်နန်းခင်ထွေးမြင့် က ပြော ပါတယ်။ အခုအစည်းဝေးဟာ NLD ဗဟိုကော်မီတီ ပြင်ဆင် ဖွဲ့စည်း ပြီးနောက် တနိုင်ငံလုံး က ဗဟို ကော်မီတီ ဝင်တွေ တတိယအကြိမ် တွေ့ဆုံကြတာ ဖြစ်ပါတယ်။

၂ ရက်ကြာ အစည်းအဝေး ပထမနေ့မှာ ပြည်နယ် နဲ့ တိုင်း လုပ်ဆောင်ချက် တွေကို ဗဟို ကော်မတီဝင် တွေက တင်သွင်း ခဲ့ကြပြီး မနက်ဖြန် ဆွေးနွေးပွဲ ရလဒ် တွေနဲ့ ပါတီ ရှေ့ဆက်မယ့် လုပ်ငန်းစဉ် တွေကို ထုတ်ပြန်ဖို့ ရှိကြောင်း အစည်းအဝေး တက်သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ