စီတန်းလှည့်လည်ခွင့် ဥပဒေ ပြင်ပြီ

  • 10 ဇွန် 2014
Michaungkan Protest
Image caption ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တွေ့ရတဲ့ မိကျောင်းကန် ဆန္ဒပြ သပိတ်စခန်း

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင် ထားတဲ့အထိုင်း အမျိုးသား လွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေမှာလည်း ကန့်သတ်ချက်တွေ ရှိနေတုန်း ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေမှာ ပါတဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ တောင်းဆိုမှု တွေရှိခဲ့ပေမဲ့ အခု ပြင်ဆင်ချက်မှာ လုံးဝ ဖြုတ်ပေး လိုက် တာ မဟုတ်ပါဘူး။

အခု ပြင်ဆင်ချက်အရ ပုဒ် ၁၈ မှာ ပါတဲ့ အရင်တုန်းက ကြိုတင် ခွင့်ပြုချက် ပြီးမှ စီတန်းလှည့်လည်ခွင့် ရမှာ ဖြစ်ပေမဲ့ ရှိပေမယ့် အခု ပြင်ဆင်ချက်အရ ခွင့်ပြုချက် ယူစရာမလိုတော့ဘဲ အကြောင်းကြားစာကိုသာ ပေးပို့ရမှာ ဖြစ်ပါတယ်။

အကြောင်းမကြားပဲ ဆန္ဒပြရင်တော့ ထောင်ဒဏ်တွေ ရှိနေတုန်းပဲလို့ စီတန်း လှည့်လည်ခွင့် ဥပဒေကို ဆွေးနွေးခဲ့ဖူးသူ ပြည်သူ့ လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ပြောပါတယ်။

ထောင်ဒဏ် အစား ငွေဒဏ်ကိုသာ ချမှတ်ဖို့ဆိုတဲ့ ပြင်ဆင်ချက် ထည့်သွင်းဖို့ လွှတ်တော်မှာ သူတင်သွင်းခဲ့တာ ရှုံးခဲ့တယ်လို့ လည်း ဦးခိုင်မောင်ရီက ပြောပါတယ်။

လွှတ်တော် နှစ်ရပ်စလုံးက သဘောတူလိုက်ပြီ ဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုတဲ့ သဘော သက်ရောက်သွားတဲ့ အတွက်မကြာခင်မှာ ဥပဒေ တရပ် ပြဌာန်း တော့မှာဖြစ်ပါတယ်။

သမ္မတက ဥပဒေအဖြစ် ကြေညာခဲ့ပြီးလို့ နည်းဥပဒေ ရေးဆွဲတဲ့အခါ ဘယ်လို အကန့်အသတ်တွေ ထပ်ရှိလာဦးမလဲ ဆိုတာ လေ့လာသူတွေက စောင့်ကြည့်နေကြ ပါတယ်။

ပြီးခဲ့တဲ့ ဥပဒေအရ ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ အရေးယူခံရသူတွေ အများအပြား ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ