ပုဒ်မ ၅၉ စ မပြင်ဖို့ ဆုံးဖြတ်

  • 12 ဇွန် 2014
constitution
Image caption အခြေခံ ဥပဒေ ပြင်ရေး လက်မှတ်ထိုး လှုပ်ရှား

ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့်ကို ဟန့်တား တယ်လို့ ယူဆတဲ့ ပုဒ်မ ၅၉ စ မပြင်ဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ကော်မတီက ဆုံးဖြတ် ခဲ့တယ်လို့ ကော်မတီဝင် တဦးက ဘီဘီစီ ကို အတည်ပြု ပြောကြား ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်ဖို့ အထူး လိုလားတဲ့ ဒီပုဒ်မကို မပြင်ဖို့ ဆုံးဖြတ် လိုက်တာ ဟာ ပုဒ်မ တခုချင်းက အစ အခြေခံ ဥပဒေ တခုလုံးထိ လျှော့မပေးလိုတဲ့ အစိုးရရဲ့ သဘောထားကို တွေ့ရတယ်လို့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ် က ပြောပါတယ်။

လူတယောက် အတွက် ဥပဒေ ပုဒ်မ ပြင်မပေးသင့်ဘူးလို့ အစိုးရက အကြောင်းပြ နေတာဟာ လူတစု အကျိုးကို ကာကွယ်ဖို့ ပြင်ဆင် ထားတဲ့ အခြေခံ ဥပဒေကို ဆုပ်ကိုင် ထားလိုတဲ့ သဘောမို့ NLD နဲ့ ၈၈ မျိုးဆက်လို ဖွဲ့စည်းပုံ ပြင်ရေးကို လွှတ်တော် တွင်းက သွားလိုသူတွေ အနေနဲ့ အချိန်ကုန်ပြီး အုပ်စု တိုက်ပွဲတွေနဲ့ နစ်မွန်း မနေဖို့ တတိယ လမ်းကြောင်း တခု ရှာထားသင့်တယ် လို့လဲ ဆိုပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ လက်မှတ် ကောက်ခံမှုတွေ မကြာခင်က ဖြစ်ပွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ