ငြိမ်းချမ်းရေး သဘောတူညီချက် ညှိနှိုင်းဆဲ

  • 16 ဇွန် 2014
ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC

ဇူလိုင်လ မကုန်ခင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ စစ်တပ်ဘက်က အဆင်သင့် ဖြစ်နေတဲ့ အကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်း အဖွဲ့က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ ရက်သတ်မှတ်နိုင်ရေးအတွက် အစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ အဲန်စီစီတီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့ ညပိုင်းကရော ဒီကနေ့ မနက်မှာပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စစ်တပ်နဲ့ အစိုးရဘက်က အခုလို လက်မှတ်ရေးထိုးဖို့အဆင်သင့်ဖြစ်နေပေမယ့် တိုင်းရင်းသားတွေ ဘက်ကတော့ လိုလားချက်တွေကို အစိုးရဖက်က သဘောမတူနိုင်သေးလို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။

စစ်တပ် တခုတည်းရှိရမယ်ဆိုတဲ့ သဘောထားကွဲလွဲချက်ကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ညီလာခံကျမှ ဆုံးဖြတ်ဖို့ အတွက် ချန်ထားလို့ရပေမယ့် အခြေခံမူဖြစ်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို သဘောတူညီချက် မရသေးတာက အဓိက အတားအဆီး ဖြစ်နေပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အခြေခံရမယ့် အချက်တွေကို အချိန်ယူ ညှိနှုင်းရဦးမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ထိပ်သီး ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက် လိုနေသေးတယ်လို့ အဲန်စီစီတီ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ