မြန်မာဒုက္ခသည်တွေ ပြန်ဖို့ ထိုင်းစီစဉ်

  • 18 ဇွန် 2014
_thai_refugee_
Image caption မယ်လ ဒုက္ခသည်စခန်း

ထိုင်း-မြန်မာ နယ်စပ် တလျှောက် က မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်တွေ ကို နေရပ် ပြန်ပို့ရေး နဲ့ ပတ်သက်ပြီး တော့၊ ထိုင်း ပြည်တွင်း လုံခြုံရေးဌာန ကို ထိုင်း အာဏာသိမ်း စစ်တပ် က တာဝန်ပေး လိုက်ပါ တယ်။

ထိုင်းနိုင်ငံ မှာ စစ်ပြေး ဒုက္ခသည် အဖြစ် နှစ်ပေါင်း ၃၀ ကျော် နေလာရ တဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် တွေ အိမ်ပြန်ချိန် တန်ပြီဖြစ် လို့ ထိုင်းဘက်ကနေ ဆောင်ရွက် ပေးနေတာ ဆိုပြီး၊ ထိုင်း အာဏာပိုင်တွေ က ပြောပါတယ်။

မြန်မာနိုင်ငံ မှာ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်ပေါ်နေ ကာ၊ ဒီမိုကရေစီ စနစ် ကို သွားနေတဲ့ အပြင်၊ အာဆီယံဥက္ကဌ အဖြစ် မြန်မာနိုင်ငံ က တာဝန် ယူနေရချိန်မှာ၊ မြန်မာ ဒုက္ခသည်တွေ အတွက် သူတို့ မွေးရပ်မြေကို ပြန်ဖို့ အကောင်းဆုံး ဖြစ်တယ် လို့ ထိုင်းပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် နိုင်အဖိရတ် ထေယိုဖါနစ် က မဲဆောက် မှာ ပြောသွားပါ တယ်။

ပထမအဆင့် အနေနဲ့ လက်ရှိ ဒုက္ခသည် စခန်းတွေ မှာ တွေ့ကြုံနေရ တဲ့ နေထိုင် စားသောက်ရမှု လူနေမှုဘဝ အခြေအနေတွေ ကို လေ့လာ မှာ ဖြစ်တဲ့ အပြင်၊ ဘယ်သူတွေ နေရာရင်း ပြန်ချင်သလဲ ဆိုတာနဲ့၊ အသက်အရွယ် အပိုင်း အခြား၊ ပြန်လိုရာ ဒေသ၊ အသက်မွေး လုပ်ကိုင်ချင်တဲ့ အလုပ် စတဲ့ အချက်တွေ ကို စစ်တမ်းယူပြီး မှ အဆင့်ဆင့် လုပ်ဆောင်သွားရ မှာ ဖြစ်တဲ့အတွက် အချိန်ယူရမယ် ဆိုပြီး ထိုင်း တာ၀န်ရှိသူတွေ က ပြောပါတယ်။

လက်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ စာရင်းအရ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် ၁ သိန်း ၂ သောင်းနီးပါး ရှိကာ၊ အဲဒီ အထဲက ၇-သောင်း ကျော်သာ ဒုက္ခသည်တွေ အဖြစ်၊ တရား၀င် အသိအမှတ်ပြု ခံထားရသူတွေ ဖြစ်ပါတယ်။

ဒုက္ခသည်တွေထဲ က အများစုကတော့ တတိယနိုင်ငံတွေ ကို သွားရောက် အခြေချလိုသူ တွေ ဖြစ်ပြီး၊ နေရပ်ရင်း ကို ပြန်လိုသူတွေ နဲ့ ထိုင်းနိုင်ငံထဲမှာ ပဲ ဆက်လက် နေလိုသူတွေလည်း ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ