သာသနာရေး ဝန်ကြီးကို ငွေအလွဲသုံးမှုနဲ့ ဖမ်းဆီး

Image caption ဖမ်းဆီးမှုဟာ မဟာသန္တိသုခကျောင်းကို ချိပ်ပိတ်မှုနဲ့ ဆက်စပ်နိုင်

ကျပ်သိန်း ၁၀၀ ခန့် အလွဲသုံးစားမှုနဲ့ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီး အရေးယူလိုက်တယ်လို့ ထိပ်တန်း အစိုးရ အရာရှိ တစ်ယောက်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

အလွဲသုံးစားမှုဟာ သာသနာရေးဆိုင်ရာ ကိစ္စတွေနဲ့ သက်ဆိုင်တယ်လို့ သတင်းတွေ ပေါ်ထွက်နေပြီး သူ့ကို စသုံးလုံးက ဖမ်းဆီး အရေးယူတာလို့ သိရပါတယ်။

ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ သာသနာရေး ဝန်ကြီးအဖြစ် မနှစ်က ပြောင်းလဲ ခန့်ထားခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးဆန်းဆင့်ဟာ သဘောထား ပျော့ပြောင်းသူလို့ အများက ယူဆကြပြီး အခု ဖမ်းဆီး အရေးယူမှုဟာ မဟာသန္တိသုခ ကျောင်းကို ချိပ်ပိတ်ခဲ့မှုနဲ့ ဆက်စပ်နိုင်တယ်လို့ သူနဲ့ နီးစပ်သူတွေက သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ