ပါမောက္ခဟောင်း ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်

  • 19 ဇွန် 2014
ဓာတ်ပုံ မူပိုင် motherlandofkaren
Image caption ကွယ်လွန်တဲ့ အထိ မြန်မာ နိုင်ငံမှာ ကျန်းမာရေး အသိတိုး စေဖို့ စာအုပ်တွေ ရေးသားခဲ့

မြန်မာ နိုင်ငံ ဆေးပညာ လောကမှာ ထင်ရှားတဲ့ ဆေးပညာရှင် အဖွဲ့ဝင် အငြိမ်းစား ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကြာသပတေး နေ့ နေ့လယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန် ချိန်မှာ ဆရာမကြီး ဒေါ်မြင့်မြင်ခင်ဟာ အသက် ၉၁ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး ရန်ကုန်မြို့ SSC ဆေးရုံမှာ လူကြီး ရောဂါနဲ့ ကွယ်လွန် သွားခဲ့တာ ဖြစ်ပါ တယ်။

ပုသိမ်ဇာတိ ဖြစ်တဲ့ ဆရာမကြီးဟာ ၁၉၅၀ ခုနှစ်တွင် MBBS ဘွဲ့ရရှိကာ အမေရိကန်နဲ့ အင်္ဂလန်တို့ မှာလည်း ဘွဲ့လွန် ပညာ ဆည်းပူးခဲ့ သူပါ။ မန္တလေး ဆေး တက္ကသိုလ် မှာ ဆေးပညာ ပါမောက္ခ ဌာနမှူး အဖြစ် နှစ်ပေါင်း ၂၀ လောက် တာဝန် ထမ်းဆောင် ခဲ့ကာ ၁၉၈၅ မှာ အနားယူခဲ့ တာ ဖြစ်ပါတယ်။

WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အရှေ့တောင် အာရှ ဌာနခွဲမှာ အကြံပေး အဖြစ် လုပ်ကိုင်ခဲ့ ဖူးသူ ဖြစ်ပြီး၊ ကွယ်လွန်တဲ့ အထိ မြန်မာ နိုင်ငံမှာ ကျန်းမာရေး အသိတိုး စေဖို့ စာအုပ်တွေ ရေးသားခဲ့ ပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင်ဟာ ကွယ်လွန်ချိန် အထိ မြန်မာနိုင်ငံ ဆေးပညာ တိုးတက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာ ဖြစ်တဲ့ အတွက် မြန်မာ့ ဆေးပညာ လောကမှာ သူ့လိုလူ မရှိဘူးလို့ ပြောရမှာ ဖြစ်ကြောင်း ဆရာမကြီးနဲ့ ပုဂ္ဂိုလ်ရေး အရ ရင်းနှီး ကျွမ်းဝင်သူ လည်း ဖြစ်၊ တပြည့်လည်း ဖြစ်တဲ့ ပါမောက္ခ ဟောင်း ဒေါက်တာ သန်းရင်မာ က ဘီဘီစီကို ပြောပါတယ်။

အခု ကွယ်လွန် သွားတဲ့ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်မှာ သားတယောက် ဖြစ်တဲ့ ဒေါက်တာ ဦးမြင့်ဇံ ကျန်ရစ် ခဲ့ပြီး၊ ဆရာမကြီး ရဲ့ ကြွင်းကျန်တဲ့ ရုပ် အလောင်း ကို ဇွန်လ ၂၀ ရက်နေ့ စနေနေ့ နေ့လည် ၃ နာရီ မှာ ရေဝေး သုသာန်မှာ သင်္ဂြုဟ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ