အစ္စလာမ်ဘာသာဝင်တို့ ညီလာခံလုပ်ဖို့ ပြင်

  • 20 ဇွန် 2014
burma_mosque_
Image caption အစ္စလာမ့် ဝတ်ကျောင်း

တန်းတူညီမျှရေး၊ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး အတွက် ကိုယ်စားလှယ် တွေ အားလုံး ပါဝင် ဆွေးနွေးထား တဲ့ လမ်းပြ မြေပုံတစ်ခု ပေါ်ထွက်လာ ဖို့ ရည်ရွယ် တဲ့‘ပြည်ထောင်စုသား မွတ်ဆလင်များ ရဲ့ ပြည်လုံးကျွတ် ညီလာခံ’အဖြစ်၊ မကြာခင် မှာ ကျင်းပနိုင် ဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်ကြသူတွေ အဖွဲ့အစည်းတွေ စုစည်းပြီး၊ စီစဉ် နေကြပါ တယ်။

သက်ဆိုင်ရာ အာဏာပိုင် တွေကို လည်း တင်ပြထား ပြီး၊ မြို့နယ်အလိုက် ကိုယ်စားလှယ် ရွေးချယ်ရေး လုပ်ငန်း တွေ အပါအဝင်၊ တခြား လိုအပ်တာတွေ ကို စီစဉ်ပြီးတဲ့ အခါ၊ တရားဝင် လုပ်ထုံးလုပ်နည်း အတိုင်း ခွင့်ပြုချက် ထပ်မံ တောင်းခံမယ် လို့ သိရပါ တယ်။

ညီလာခံ ကျင်းပကြတဲ့ အခါ၊ အစိုးရ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေ၊ လူမှု အဖွဲ့အစည်းတွေ က ကိုယ်စားလှယ်တွေ နဲ့ အခြား ဘာသာဝင် ကိုယ်စားလှယ် တွေ ကိုလည်း၊ တရားဝင် ဖိတ်ကြားသွား ဖို့ ပြင်ဆင်နေ တယ် ဆိုပြီး၊ ညီလာခံ ကျင်းပရေး ကော်မတီ က ပြောပါတယ်။

လူမျိုးရေး ဘာသာရေး အမုန်းပွားစေမယ့်၊ အစွန်းရောက် လှုံ့ဆော်မှု တွေ အကြမ်းဖက်မှု တွေ လုံးဝ ချုပ်ငြိမ်းသွားဖို့ နဲ့၊ နိုင်ငံ့ တာဝန်တွေ ကို ဘာသာ လူမျိုး မရွေး နိုင်ငံသားတိုင်း က တန်းတူရည်တူ တာဝန် ထမ်းဆောင်ခွင့် ရဖို့လို ကိစ္စချင်းရာတွေ ကို၊ ဆွေးနွေးသွားမယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံ မှာ လူမျိုးရေး ဘာသာရေး နဲ့ ပတ်သက်ပြီး၊ အင်မတန် ထိလွယ် ရှလွယ် ဖြစ်နေတဲ့ အခြေအနေမျိုး မှာ၊ ဒီလို ညီလာခံ ကျင်းပဖို့ လုံခြုံရေးအရ စိုးရိမ်ရပေမယ့်၊ အာဏာပိုင်တွေ အပါအဝင်၊ ကျန် ပြည်သူအများ က နားလည်မှုနဲ့ ပူးပေါင်း ကူညီလာမယ် လို့ မျှော်လင့်ကြောင်း ကျင်းပရေး ကော်မတီ အတွင်းရေးမှုး ဦးအုန်းမောင် က ဆိုပါတယ်။

၁၉၄၅ ခုနှစ်က ဆရာကြီး ဦးရာဇတ် ဦးဆောင်ပြီး မြန်မာနိုင်ငံသား မွတ်ဆလင်တွေ အားလုံး ပါဝင် တဲ့ ညီလာခံတစ်ခု ပျဉ်းမနား မှာ ကျင်းပပြီးကတည်း က ဒါဟာ ဒုတိယ အကြိမ် ညီလာခံ ဖြစ်လာမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ