ဦးဥတ္တရနဲ့အဖွဲ့ကို ဒီနေ့ ရုံးထုတ်ပြီ

  • 19 ဇွန် 2014
santisuka_monestry_monks_
Image caption လန်ဒန် သာသနာ့ရံသီကျောင်း ဆရာတော် ဦးဥတ္တရ

သန္တိသုခ ကျောင်းကိစ္စ နဲ့ အင်းစိန်ထောင် မှာ ဖမ်းဆီးခံထားရ တဲ့၊ လန်ဒန် သာသနာ့ရံသီကျောင်း ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ပါး ကို ဒီကနေ့ သောကြာနေ့ ဂျွန်လ ၂၀ ရက်နေ့ မှာ၊ တာမွေမြို့နယ် တရားရုံး မှာ ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီအမှု မှာ၊ သံဃာတော်တွေ ရဲ့ ဥပဒေ ကိုယ်စားပြု ရှေ့နေတွေ အဖြစ်၊ တိုင်း တရားသူကြီးဟောင်း ဦးထင်ဇော် နဲ့ သူ့ရဲ့ ရှေ့နေအဖွဲ့ က အမှုလိုက်ဖို့ တရားရုံးကို တင်ပြပြီး ဖြစ်ပါတယ်။

လန်ဒန် သာသနာ့ရံသီကျောင်း ဂေါပကအဖွဲ့ နဲ့၊ အဖမ်းဆီးခံ သံဃာတော်တွေ လွတ်မြောက်ရေး အတွက် ဆောင်ရွက်လိုကြ တဲ့ ပြည်တွင်း သံဃာတော် အင်အားစုက တော့၊ ဒီမိုကရေစီ ရေး လှုပ်ရှားသူတွေ ဘက်က ကူညီ ဆောင်ရွက်လေ့ ရှိတဲ့ တရားရုံးချူပ် ရှေ့နေကြီး ဦးအောင်သိန်း နဲ့ အဖွဲ့ကို ၊ ဒီအမှုကို ကိုင်တွယ်ပေးဖို့ ဆက်သွယ် ကမ်းလှမ်းခဲ့ပါ တယ်။

အမှုကို လက်ခံပြီးတဲ့ ရှေ့နေအဖွဲ့ ရှိနှင့်ပြီး ဖြစ်တဲ့ အပြင်၊ အတူ ပူးတွဲ လုပ်ကိုင်လေ့ ရှိသူတွေ မဟုတ်ကြတာ မို့၊ တရားခွင်မှာ အမှုအပေါ် ချည်းကပ်ပုံတွေ မရှုပ်ထွေးရ အောင်၊ ဒီအမှုကို သူ့အနေနဲ့ လက်မခံတော့ဘူး ဆိုပြီး၊ ရှေ့နေကြီး ဦးအောင်သိန်း က ဘီဘီစီကို ပြောပါတယ်။

သံဃာ ၅ပါးအမှု ကို ရှေ့နေ လိုက်ပေးမယ့် ဦးထင်ဇော် နဲ့ ရှေ့နေအဖွဲ့ဟာ သန္တိသုခကျောင်း ပြန်ရရေး လုပ်နေတဲ့ ဂေါပကအဖွဲ့ ရဲ့ အတိုင်ပင်ခံ တွေ ဖြစ်နေလို့၊ ဂေါပကအဖွဲ့ က ငှားရမ်းတာ ဖြစ်တယ် ဆိုပြီး၊ အဖမ်းခံထားရ တဲ့ သံဃာတော်တွေနဲ့ နီးစပ်သူ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။

တိုင်း တရားသူကြီးဟောင်း ဦးထင်ဇော် ဟာ၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ရဲ့ ဥပဒေရေးရာ အကြံပေး ဖြစ်တယ် လို့လည်း သိရပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ