မြန်မာ ပန်းချီတွေ လန်ဒန်မှာ ပြမယ်

  • 22 ဇွန် 2014
tin_nyo
Image caption နေးရှင်း ဦးလောရုံမြေး ပေါ်လာ တင်ညို

လန်ဒန်က နာမည်ကျော် ခေတ်သစ် အနုပညာ လက်ရာ တွေ ပြသရာ ဆာချီ ဂယ်လာရီ မှာ မြန်မာ နိုင်ငံက ထင်ရှား တဲ့ အနု ပညာရှင် တချို့ လက်ရာ ပန်းချီတွေ ၄ ရက် ပြသ တော့မှာ ဖြစ်ပါတယ်။

ဇွန်လ ၂၆ က ၂၉ ထိ ပြသမယ့် “Infusion: Young Bloods from Myanmar” ပန်းချီ ပြပွဲမှာ စိုးနိုင်၊ စန္ဒာခိုင်၊ ကောင်းစု၊ နေရဲသန်၊ ဘရန်လီ၊ အုန်းအုန်း လူငယ် နဲ့ လူလတ် ပိုင်း အနုပညာ ရှင် တွေရဲ့ လက်ရာစုံ ကို ပြသမှာ ဖြစ်ပြီး ပြပွဲ စီစဉ်သူ က ရုံ အနုပညာ က ပေါ်လာ တင်ညို ဖြစ်ပါတယ်။

ကာတွန်းဆန်တဲ့ လူငယ် လက်ရာမျိုး ကနေ ကိုယ်လုံးတီး အမျိုးသမီး ဝဝတွေ ပုံ၊ ဒြပ်မဲ့ ပန်းချီ စတဲ့ လက်ရာစုံ ပါဝင်ပြီး ဥရောပ ဘက်မှာ မမြင်ဖူး ကြသေးတဲ့ မြန်မာ လက်ရာ တွေ ဖြစ်ပါတယ်။

မြန်မာ ခေတ်ပေါ် ပန်းချီ တွေကို နိုင်ငံတကာ စျေးကွက်ထိ ထိုးဖောက်ဖို့ ပြင်ဆင် နေကြတဲ့ ခြေလှမ်း တရပ်လဲ ဖြစ်ပါတယ်။