မြန်မာ မြို့ဟောင်း ၃ မြို့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်

  • 22 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ရွှေတိဂုံ စေတီတော်ကြီးကို UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်း သွင်းနိုင်ဖို့ ယဉ်ကျေးမှု ဝန်ကြီး ဌာနက ကြိုးပမ်းနေ

ပြည်မြို့ အနီးက သရေခတ္တရာ၊ တောင်တွင်းကြီး နားက ဗိဿနိုး ၊ ရွှေဘို မြို့နားက ဟန်လင်း စတဲ့ ရှေးမြို့ဟောင်း ၃ မြို့ကို ယူနက်စကို လို့ခေါ်တဲ့ ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ ရဲ့ ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် အသိ အမှတ် ပြုလိုက်ပြီ ဖြစ်ပါတယ်။

ကာတာ နိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့ ယူနက်စကို ကမ္ဘာ့ အမွေ အနှစ် ကော်မတီရဲ့ အစည်းဝေး ကနေ အခုလို ဆုံးဖြတ် အသိ အမှတ် ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီလို အသိ အမှတ် ပြုတော့ မြန်မာကို ကမ္ဘာက ပိုသိလာ နိုင်ပြီး၊ နိုင်ငံခြားသား ခရီးသည် တွေလည်း ပိုမို လာရောက် လည်ပတ် နိုင်တယ်လို့ ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက ဘီဘီစီကို ပြောပါတယ်။

ဒီအတွက် ဒေသခံ ပြည်သူတွေ အတွက် စီးပွာရေး အရ အထောက် အကူ ဖြစ်နိုင်ကြောင်း၊ နောက်ပြီး ယူနက်စကိုရဲ့ အထောက် အပံ့တွေ လည်း ရနိုင် တယ်လို့ သူက ပြောပါတယ်။

ယဉ်ကျေးမှု ဝန်ကြီး ဌာန ကတော့ ဒီမြို့ဟောင်းတွေကို ထိန်းသိမ်း မှုတွေ လုပ်နေ ကြောင်း၊ နောက်ထပ် အနေနဲ့ ပုဂံကိုလည်း ယူနက်စကို အသိ အမှတ် ပြုခံရ အောင် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ပုဂံကို အရင် ၁၀ နှစ်ကျော် လောက် ကတည်းက အသိ အမှတ်ပြုဖို့ လာကြည့် ကြောင်း၊ ဒါပေမယ့် တချို့ စေတီ ပုထိုးတွေမှာ ခေတ်သစ် ဘုရားထီး တင်တာ တွေ ရှိလို့၊ အသိ အမှတ် မပြုခဲ့တာလို့ သူက ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ